Chapter 6

1.8K 185 3
                                    

Lisa Pov

မနေ့ညက Jennie ကိုအိမ်ပြန်ပို့ပြီးတဲ့နောက် အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ Seulgi အိမ်ကိုတန်းဝင်လိုက်တယ်။ Lisa သူမကိုအကုန်ပြောပြလို့ရပြီး သူမကလဲ Lisa ကိုအကုန်ပြောပြလို့ရတဲ့ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ကြတယ်။ Lisa တို့တစ်ယောက်အတွက် တစ်ယောက်ရှိနေကြပြီး ဒီအချက်ကဘယ်တော့မှပြောင်းလဲသွားမှာမဟုတ်ဘူး။

"Hey Manoban! မင်းရဲ့ရုပ်ဆိုးတဲ့မျက်နှာကြီးငါ့ရှေ့ပေါ်လာတာအချိန်ကိုက်ပဲ" Seulgi နှုတ်ဆက်လိုက်ပြီး Lisa ကိုဖက်လိုက်တယ်။

"မင်းခုထိရှုပ်နေတုန်းပဲနော်။ Lisa ပြောပြီး ပြန်နှုတ်ဆက်လိုက်တယ်။

"yes yes မင်းလဲအခုထိရှုပ်နေတုန်းပဲ။ မင်းဒီမြို့ကိုရောက်နေတာ ၂ရက်ရှိပြီလို့ကြားတယ်။ မင်းခုမှ ဒီလာတယ်ပေါ့" Seulgi ပြောလိုက်တယ်။

"မဟုတ်ဘူး Seulgi မင်းကမှရှုတ်တဲ့တစ်ယောက်။ ပြီးတော့ ဒီရောက်တာ ၂ရက်ရှိတာမဟုတ်ဘူး ဒီနေ့မှ ပထမဆုံးနေ့" Lisa ပြောရင်းဆိုဖာပေါ်ထိုင်လိုက်တယ်။

"ဘာဖြစ်ဖြစ် Manoban။ အခုရောဘာလဲ။ မင်းကြည့်ရတာ စုတ်ပြတ်နေတာပဲ မင်းသောက်ထားတာလား။ နေပါအုံး မင်းငါမပါပဲ ဘားကိုသွားတာပေါ့။ ဒါကတော်တော်ဆိုးတာပဲ။ ရင်တွေတောင်နာလာပြီ" Seulgi သူ့ရင်ဘတ်ကိုဖိရင်း ဒရာမာဆန်ဆန်ပြောလိုက်တယ်။

"မင်းသရုပ်ဆောင်နေတာတွေ ရပ်လိုက်လို့ရမလား။ သရုပ်ဆောင်လဲမကောင်းပဲနဲ့ စိတ်ရှုပ်စရာကြီး" Lisa နားထင်ကိုပွတ်လိုက်ရင်းပြောလိုက်တယ်။ ဒီကိုလာမယ့်အစား ကိုယ့်အခန်းကိုယ်ပြန်တာမှ ကောင်းလိမ့်အုံးမယ်။ ဟုတ်တယ်မလား?

"Hahaha လာစမ်းပါငါ့ကောင်ရာ။ မင်းကိုငါစနေတာမင်းသိပါတယ်။ အခုဘာလဲ။ မင်းကြည့်ရတာ ရှုပ်ရှက်ခက်နေတာ ပဲ" Seulgi တစ်ကယ်မေးလိုက်တယ်။

"ဒီည ငါတစ်ယောက်ယောက်ကို တစ်ခုခုအကြောင်းပြောချင်နေလို့။ မင်း Jennie ကိုသိတယ်မလား" Lisa မေးလိုက် တယ်။

"မင်းပြောတာ Jennie Kim? ဒါပေါ့ မင်းကြွေနေတဲ့အဲ့ဒီကောင်မလေးကို ငါဘယ်မေ့ပါ့မလဲ။" သူ့မျက်မှောင်ကြုံ့ပြီး ပြောလိုက်တယ်။

THE HEIRESS AND THE BODYGUARD (JENLISA) (Translation)Where stories live. Discover now