Chapter 3

1.9K 193 5
                                    

Lisa Pov

Lisa သူမမေးစေ့ကနေတစ်ဆင့် လည်တိုင်ဆီကိုနမ်းနေရင်းနဲ့ သူမအခန်းထဲဝင်လာလိုက်ကြတယ်။ သူမလက်တစ်ဖက် က Lisa လည်ဂုတ်ကိုဖက်ထားပြီး နောက်လက်တစ်ဖက်က Lisa poloအင်္ကျီကိုချွတ်နေတာကို ခံစားလိုက်ရတယ်။ Lisa အခန်းတံခါးကိုခြေထောက်နဲ့ကန်ပိတ်လိုက်ပြီး သူမကိုအပေါ်ကိုမချီလိုက်တဲ့အချိန် Lisa ဖုန်းမြည်လာသံကို ကြားလိုက်ရတယ်။

"Damn it" Lisa ရေရွတ်လိုက်ရင်း သူမလည်တိုင်ကိုဆက်နမ်းနေလိုက်တယ်။ ဒါပေမယ့် ဖုန်းမြည်သံက ရပ်မသွားပဲ ဆက်တိုက်မြည်နေခဲ့တယ်။ ဖုန်းတီးလုံးမြည်သံကိုနားထောင်ကြည့်တော့ သူ့အဖေခေါ်နေတယ်ဆိုတာ Lisa သိလိုက်တယ်။

"ဖုန်းမဖြေပါနဲ့" Lisa လည်တိုင်နဲ့ ရင်ဘတ်ကိုနမ်းနေရင်း သူမပြောလိုက်တာကြားလိုက်တယ်။ Lisa သူမလက်ကို ဖယ်လိုက်ပြီး ဘောင်းဘီအိတ်နောက်ကဖုန်းကို ကိုင်လိုက်တယ်။

"Yes" Lisa ဖုန်းဖြေလိုက်တယ်။

"မင်းအတွက် Mission တစ်ခုရှိတယ်" Lisa's အဖေပြောလိုက်တယ်။

"ကျွန်မအခုလာခဲ့မယ်" Lisa သူ့အဖေကိုပြောပြီးဖုန်းချလိုက်တယ်။ "အရေးထဲမှ" Lisa ရေရွတ်လိုက်မိတယ်။ Lisa အရင် Mission ပြီးတာခုမှလေးရက်ပဲရှိသေးတယ်။ ပြီးတော့ ဒီနေ့ကသူမရဲ့ပထမဆုံးနားရတဲ့နေ့လဲဖြစ်တယ်။ ဒါပေမယ့်အခု တစ်ခြား Mission တစ်ခုလုပ်ရတော့မယ်။

"မသွားပါနဲ့" သူမက Lisa ခါးပတ်ကိုဖြုတ်ဖို့ကြိုးစားနေရင်း ပြောလိုက်တယ်။ ဒါပေမယ့် Lisa သူမလက်ကိုတားလိုက် တယ်။

"ကိုယ်သွားမှရမယ်, ကိုယ်မင်းဆီကိုလက်ဆောင်ပို့ပေးလိုက်မယ်" Lisa ကုတ်အင်္ကျီကိုကောက်ယူလိုက်ပြီး သွားခါနီး ပြောလိုက်တယ်။

"ကျွန်မရှင့်လက်ဆောင်ကိုမလိုချင်ဘူး၊ ကျွန်မရှင့်ကိုပဲလိုတာ၊ ကျွန်မတို့မတွေ့ရတာ အရမ်းကြာနေပြီ၊ ရှင့်ကိုအရမ်း လွမ်းတယ်" သူမ Lisa ခါးကိုနောက်ကဖက်ထားရင်း ပြောလိုက်တယ်။

Lisa နောက်ပြန်လှည့်ပြီး သူမကိုဘာခံစားချက်မှမပါတဲ့ မျက်နှာနဲ့ ကြည့်လိုက်တယ်။ ကောင်မလေးတွေ ဒီလိုကပ်တွယ် နေတာက Lisa အမုန်းဆုံးအရာထဲကတစ်ခုပဲ။ ဘာrelationship မှ အတည်မရှိချင်ဘူးဆိုတဲ့အကြောင်းကို သူတို့နဲ့ စတွေ့ကတည်းက Lisa ကြိုပြောထားပြီးသားဖြစ်တယ်။ Lisa လိုအပ်နေတာက Lisa လိုအပ်ချက်ကို ဖြည့်ဆည်း ပေးမယ့်တစ်ယောက် တစ်ညတာအတွက်ပဲ။ ဒါပေမယ့် အဲ့ဒီတစ်ညတာ အပြီးမှာ Lisa ကိုထပ်လာပြီးတွယ်ကပ်နေကြ တယ်။ တစ်ချို့ဘယ်လိုကစားရမလဲ သိတဲ့မိန်းကလေး တွေမျိုးဆိုရင် Lisa အရမ်းသဘောကျတယ်။ သူတို့နဲ့တစ်ညဆို ပြီးသွားကြတယ်။ ဒါပေမယ့် အခုကောင်မလေးက Lisa ကိုအတည်တွဲချင်နေပုံရတယ်။ သူမကိုလဲ နှုတ်ဆက်စကားပြော ရမယ်ထင်တယ်။

THE HEIRESS AND THE BODYGUARD (JENLISA) (Translation)Where stories live. Discover now