Chapter 9

1.5K 167 2
                                    

Lisa's Pov

ဒီနေ့က စနေနေ့ညဖြစ်ပြီး နေ့လည်ကတည်းက Kim စံအိမ်မှာ အလုပ်တွေရှုပ်ပြီး ပျားပန်းခတ်နေကြတယ်။

Porsche သုံးစီးနဲ့ Rnage Rover တစ်စီး အိမ်ရှေ့ပေါ်တီအောက်မှာရပ်ထားပြီး သွားမယ့်သူတွေကို စောင့်နေကြတယ်။

Lisa ဧည့်ခန်းထဲမှာရှိနေပြီး ဒီညအတွက် စောင့်ရှောက်ရမယ့်တာဝန်တွေကို သူ့လူတွေကို ညွှန်ကြားနေတယ်။ ဒီနေ့ညက ပြတိုက်သစ်ဖွင့်ပွဲနေ့ဖြစ်ပြီး Kim မိသားစုအတွက် သက်တော်စောင့်တွေအများကြီး ချပေးထားတယ်။ အရင်တစ်ခါ လှူဒါန်းပွဲတုန်းကလိုအဖြစ်မျိုး Kim မိသားစုမှာနောက်ထပ်ဖြစ်လာမှာမျိုးတွေ Lisa အဖေရော သူရောမလိုချင်ကြဘူး လေ။ ဒီတစ်ညလုံး Jennie အနားမှာနေဖို့ Lisa တာဝန်ချထားခံရတယ်။ ဒီညအတွက် Jennie ကိုသူ့မျက်စေ့အောက်က အပျောက်မခံဖို့ Lisa ဆုံးဖြတ်ထားတယ်။ Lisa စောင့်ကြည့်နေသရွေ့ Jennie ဘာမှမဖြစ်စေရဘူး။

Jennie ပြင်ဆင်ပြီးတာစောင့်နေကြပြီး သူတို့သွားဖို့အဆင်သင့်ပြင်လိုက်ကြတယ်။ သူမကိုစောင့်နေတုန်း Lisa ရဲ့ CZ 75B SP01 သေနတ်ကိုစစ်ဆေးလိုက်တယ်။ ပြီးတော့ ညာဘက်လက်ကောက်ဝတ်မှာဝှက်ထားတဲ့ ဓါးကိုပါတစ်ခါတည်း စစ်ဆေးလိုက်တယ်။

အပေါ်ထပ်လှေကားကနေဆင်းလာတဲ့ခြေသံကြားလိုက်ရတော့ Lisa မော့မကြည့်မိအောင်ကြိုးစားလိုက်ပေမယ့် ထိန်းမရခဲ့ဘူး။ သူမဆင်းလာတာကို လှည့်မကြည့်ခင် အရင်နေ့က ဝတ်စုံစမ်းဝတ်ကြတုန်းက သူမပုံကိုမြင်ယောင်မိ တယ်။ သူမပုံရိပ်လေးစိတ်ထဲပြန်မြင်မိတော့လဲ အရင်နေ့ကခံစားရတဲ့အတိုင်း ပြန်ခံစားမိပြန်တယ်။ အဲ့ဒီနေ့က တစ်ခြားဘာမှမပြင်ထားပဲ ဘာ accessories မှဝတ်မထားပဲတောင် ဒီဝတ်စုံလေးနဲ့ အသက်ရှုမှားသွားအောင် သူမက လှရက်နိုင်လွန်းတယ်။

Lisa အသက်ပြင်းပြင်းရှုလိုက်ပြီး သူမကိုကြည့်ဖို့အဆင်သင့်ဖြစ်ပြီလို့ ထင်ပြီး သူမကိုကြည့်လိုက်မိတာ Lisa အတွေးမှားသွားမှန်းသိလိုက်ရတယ်။ Lisa ရှေ့က သူမကိုတွေ့ရတာ အသက်ရှုတစ်ခါထပ်မှားရပြန်တယ်။ Lisa အသက်ရှုဖို့ထပ်မေ့သွားခဲ့ပြီး ရှက်စရာကောင်းတာက Lisa တို့နောက်ထပ်လူထပ်ချထားတဲ့ သက်တော်စောင့်ထဲကမှ Hanbin ရဲ့စကားပြောလိုက်သံကြားလိုက်ရတာပဲ။

THE HEIRESS AND THE BODYGUARD (JENLISA) (Translation)Where stories live. Discover now