Chapter 34

4.5K 194 13
                                    

Warning - Mature

Lisa's Pov

Ding

ဓာတ်လှေကားရပ်သွားတဲ့အသံကြားရပြီး Lisa တို့နေတဲ့တိုက်ခန်းအထပ်ကိုရောက်လာတယ်။ သူမကို အရင်ထွက်ခိုင်း လိုက်တယ်။

ဒါမှမဟုတ် သူမအရင်ဓာတ်လှေကားထဲကမြန်မြန်ထွက်သွားတယ်လို့ပြောရမယ်။

အိမ်အပြန်လမ်းက ဘာမှထူးမခြားနားဘူးလို့ပြောရမှာပဲ။ Jennie စကားတစ်လုံးမှမပြောခဲ့သလို သူမထိုင်ခုံမှာ တုတ်တုတ်မလှုပ်ပဲထိုင်နေတယ်။ နောက်ဆုံး သူမဆံပင်လေးတောင်တစ်ချက်မလှုပ်ဘူး။ သူမက ကျောက်ရုပ် တစ်ရုပ်လိုထိုင်နေပြီးဘာမှမရွေ့ခဲ့ဘူး။

သူမအပြင်ပိုင်းကတိတ်ဆိတ်နေတယ်ဆိုတာ အတွင်းပိုင်းမှာမုန်တိုင်းတစ်ခုစတင်ဖို့ အချိန်တစ်ခုကိုစောင့်နေတာ။ မီးတောင်တစ်ခု ပေါက်ကွဲဖို့ အချိန်အကြာကြီးငြိမ်နေသလိုပဲ။

ပြီးတော့ ဒီည မီးတောင်ပေါက်ကွဲတော့မယ်။

Jennie သူမအခန်းကိုတန်းတန်းသွားလိုက်ပြီး တံခါးဖွင့်လိုက်တယ်။ ပြီးတော့ အထဲဝင်လိုက်ပြီး တံခါးဖွင့်ထားပေးခဲ့တာ ကိုတွေ့ရတယ်။ Lisa သူမတံခါးမပိတ်တာတွေ့ရတော့ သူမနောက်လိုက်ဝင်လိုက်တယ်။

"ဒီမိန်းမကသေချာလုပ်နေတာ။ ကျွန်မတို့အဲ့ဒီမှာဆိုတာ သူမသိတယ်။ ရှင်ကျွန်မနဲ့ dinner စားနေတာဆိုတာ သူမ သိရဲ့သားနဲ့ ကျွန်မတို့ date ကိုနှောင့်ယှက်တယ်" ပြီးတော့ သူမ Lisa ကိုကြည့်လိုက်တယ်။ "ရှင် သူမရော အဲ့ဒီ စားသောက်ဆိုင်မှာ သူမရှိတယ်ဆိုတာသိလို့လား? ဘာလို့ အဲ့ဒီစားသောက်ဆိုင်မှာ စားပွဲကြိုမှာရတာလဲ"

"ဘာ? မဟုတ်ဘူး Jennie။ ကိုယ်ဘာလို့-" သူမ Lisa ပြောမယ့်စကားကိုတားလိုက်တယ်။

"Oh my god! ရှင်အခုထိ သူမနဲ့တွေ့နေတုန်းလား?"

ဘာ?

"ကိုယ်သူမနဲ့မတွေ့တာ လတွေတောင်ကြာနေပြီ။ Jennie please-" Lisa သူမလက်ကိုကိုင်ဖို့ ကြိုးစားလိုက်ပေမယ့် သူမပုတ်ချလိုက်တယ်။

"Damn it! Lisa! ရှင်အခုထိ တစ်ခြားမိန်းမတွေနဲ့ တွေ့နေတုန်းပဲလား? ရှင်ကျွန်မအပြင် တစ်ခြားမိန်းမတွေနဲ့ အိပ်နေ တုန်းလား?" Lisa သူမမျက်ဝန်းအကြည့်ကို ထပ်မခံနိုင်တော့ဘူး။ အဲ့ဒီအကြည့်မှာ ဒေါသ၊ နာကျင်မှု၊ ပြီးတော့ စိတ်ထိခိုက်မှုတွေကိုတွေ့နေရတယ်။

THE HEIRESS AND THE BODYGUARD (JENLISA) (Translation)Where stories live. Discover now