Chapter 31

4K 182 7
                                    

Warning - Mature

Lisa's Pov

ကိုယ်တို့ဒီနေရာမှာ ဘယ်လောက်ကြာနေပြီလဲ?

Jennie ဈေးဝယ်ထွက်တာပြီးဖို့ စောင့်နေရတာ Lisa ပျင်းလာတယ်။ နေ့လည်ကတည်းက ဒီနေရာကို ရောက်နေကြတာ ဖြစ်ပြီး အခုဆို ညနေ၇နာရီကျော်လာပြီ။

မိန်းကလေးတွေဈေးဝယ်ထွက်ရင် ဒီလောက်ကြာကြတယ်လား?

Lisa စိတ်မရှည်တော့လို့ သူမကို shopping mall ထဲကနေဆွဲထုတ်တော့မယ်လို့ဆုံးဖြတ်လိုက်တဲ့အချိန်မှာ သူမ Lisa ဘက်လျှောက်လာတာ တွေ့လိုက်ရတယ်။

Lisa ကမ္ဘာကြီးရပ်တန့်သွားသလိုခံစားလိုက်ရပြီး ဘေးနားကလူတွေလဲမမြင်ရတော့ပဲ သူမကိုပဲမြင်တော့တယ်။ ဒီလို ခံစားချက်မျိုးက Jennie Kim တစ်ယောက်ပဲ Lisa ကိုပေးနိုင်တဲ့သက်ရောက်မှုတစ်ခုပဲ။

သူမသာသိခဲ့မယ်ဆိုရင်ပေါ့။

"Hey ကျွန်မရှင့်နဖူးပေါ်ကမျက်မှောင်ကြုံထားတာကို ဖယ်လိုက်ရင် ရှင်စိတ်မဆိုးဘူးမလား" Jennie ပြောလိုက်ပြီး Lisa နှဖူးပေါ်ထင်နေတဲ့မျက်မှောင်ကြုံ့ထားတဲ့အကြောင်းကို ဖယ်လိုက်တယ်။ "ရှင်ဒီလိုမျက်မှောင်ကြုံ့နေတာကြီးက အဖိုးကြီးနဲ့တူတယ်" သူမပြောပြီး ရယ်လိုက်တာကို ကြားရတယ်။

"မင်းဈေးဝယ်ထွက်တာ ဒီနေရာကနေစောင့်ရင်း ကိုယ်တစ်ကယ်အသက်ကြီးသွားတော့မှာ" Lisa မျက်လုံးလှန်ကစား လိုက်ရင်း ပြောလိုက်တယ်။

"အဲ့ဒါဆို သွားကြစို့။ ကျွန်မဗိုက်ဆာနေပြီ" Jennie ပြောလိုက်ပြီး Lisa လက်မောင်းကိုချိတ်လိုက်တယ်။

Lisa သူမလက်ကအိတ်တွေကိုယူလိုက်ပြီး Bam Bam ကိုအချက်ပြလိုက်တယ်။ ပြီးတော့ Lisa တို့အပြင်ကိုထွက်လာ ကြတယ်။

ပြီးတော့ မဟုတ်ဘူး။ Lisa တို့တွဲနေကြတာမဟုတ်ဘူး။

Lisa တို့က fuck buddy..အဲ့ဒီလိုလား။ ဒါပေမယ့် Jennie ကိုအဲ့လို ခေါင်းစဉ်မတတ်ချင်ဘူး။ သူမက အဲ့ဒီထက်ပိုတယ်။ သူမက Lisa တွေ့ဖူးသမျှမိန်းကလေးတွေထက်ပိုတယ်။

ကြည့်ရတာ အရင်အချစ်ဆုံးသူငယ်ချင်းအဆင့်ကနေ Lisa စိတ်ကူးထားတဲ့အတိုင်း အဆင့်တက်လာကြတယ်။ Lisa တို့နှစ်ယောက်ပုံမှန်တွေ့ဖြစ်ကြတယ်။ လျှောက်လည်ကြတယ်။ ပြီးတော့ ဟုတ်တယ် အဲ့ဒီညကတည်းက Lisa တို့နှစ်ယောက်အိပ်ယာတစ်ခုထဲပဲ အတူတူအိပ်ဖြစ်ကြတယ်။

THE HEIRESS AND THE BODYGUARD (JENLISA) (Translation)Where stories live. Discover now