Chapter 22

2.1K 168 31
                                    

Lisa's Pov

Lisa အခုကုမ္ပဏီဒါရိုက်တာတင်ပြတဲ့အချက်အလက်တွေကို စစ်ဆေးနေတာဖြစ်တယ်။ Lisa ဒီကုမ္ပဏီကို တစ်နှစ်မှ နှစ်ကြိမ်ပဲလာဖြစ်လို့ သူတို့တင်ပြတဲ့အချက်အလက်တွေကို သေချာစစ်ဆေးပြီး လက်မှတ်ထိုးဖို့ဖိုင်တွေနဲ့ အများကြီး ဖြစ်နေတယ်။ တစ်ချို့ဖိုင်တွေကတော့ အွန်လိုင်းကနေပို့လို့ လက်မှတ်ထိုးပြီးပြီဖြစ်ပေမယ့် လူကိုယ်တိုင် လက်မှတ်ထိုးဖို့ လိုနေတာလေးတွေလဲ ကျန်နေသေးတာဖြစ်တယ်။ နောက်ပြီး အရေးကြီးတဲ့ဖိုင်တွေအတွက်တော့ ကိုရီးယားကို ကုမ္ပဏီက တစ်ယောက်ကို Lisa ဆီလက်မှတ်ထိုးဖို့လွှတ်လေ့ရှိတယ်။

Laptop ကနေ video call တစ်ခုဝင်လာတော့ Lisa အတွေးတွေပြတ်သွားခဲ့တယ်။

"Hey" laptop ပေါ်မှာခေါ်တဲ့သူရဲ့ရုပ်ပေါ်လာတော့ Lisa နှုတ်ဆက်လိုက်တယ်။

"Lisa-yah ကျွန်မကိုဘယ်အချိန်လာခေါ်မှာလဲ" Jennie မေးလိုက်တယ်။

"ဘာဖြစ်လို့လဲ။ အဲ့ဒီစားသောက်ဆိုင်မှာပျင်းနေပြီလား" Lisa သူမကိုမေးလိုက်တယ်။ ဒီမနက် သူမကို Lisa စားသောက်ဆိုင်မှာ ဝင်ပို့ပေးခဲ့တာဖြစ်တယ်။ သူမပြောတာ Lisa ကုမ္ပဏီမှာအလုပ်ရှုပ်နေမှာသိလို့ ကုမ္ပဏီကို မလိုက်ချင်ဘူးလို့ပြောတယ်။

"မဟုတ်ပါဘူး။ Nana ကကျွန်မကိုထိုင်းအစားအစာအခြေခံချက်နည်းတောင် သင်ပေးသေးတယ်။ ဒါပေမယ့် ကျွန်မအပြင်ထွက်ပြီး ထိုင်းနိုင်ငံရဲ့တစ်ခြားနေရာတွေ လျှောက်လည်ချင်လို့" သူမနှုတ်ခမ်းစူပြီးပြောလိုက်တယ်။

Lisa နာရီကိုလှမ်းကြည့်လိုက်တယ်။

16:30

"ကိုယ်မင်းကိုညနေ ၇နာရီလာခေါ်မယ်။ ပြီးတော့ ဒီညကိုယ်တို့လျှောက်သွားကြမယ်။ ဘယ်လိုလဲမင်းကြိုက်တယ် မလား" God! Lisa ကလေးတစ်ယောက်ကိုချော့နေရသလိုမျိုးခံစားလိုက်ရတယ်။

"ညနေ ၇နာရီ? စောင့်ရမှာအကြာကြီးပဲ။ ညနေ ၆နာရီလောက်လုပ်လို့မရဘူးလား" သူမထပ်ပြီး ဒီလိုပါပီအကြည့်လေး ထပ်ကြည့်ပြနေပြန်တယ်။

ဒီကောင်မလေးကိုမရဘူးငြင်းရအောင် ကိုယ်ကဘာသားနဲ့ထုထားလို့လဲ။

THE HEIRESS AND THE BODYGUARD (JENLISA) (Translation)Where stories live. Discover now