Chapter 40

3.8K 182 15
                                    

Jennie's Pov

Lisa! I love you! ဘယ်အချိန်ကစပြီး ဘယ်လိုချစ်မိသွားလဲ ကျွန်မမသိဘူး။ ဒါပေမယ့် ကျွန်မသိတာက ရှင်ကိုအရမ်းချစ်တာပဲ။ ကျွန်မဒါကိုဆက်မဖုံးကွယ်ချင်တော့ဘူး။ ကျွန်မရှင်းရှင်းလင်းလင်းဖြစ်ချင်တယ်။ လျှို့ဝှက်ချက် တွေမရှိချင်ဘူး။ ကျွန်မတို့နှစ်ယောက်တစ်ယောက်နဲ့တစ်ယောက် လျှို့ဝှက်ချက်လဲမရှိချင်ဘူး။ ကျွန်မရှင့်လက်ကို လူရှေ့သူရှေ့မှာ ဆုတ်ကိုင်ထားချင်တယ်။ ရှင်နဲ့အတူ dinner date တွေအတူသွားချင်တယ်။ ဘယ်သူထင်ထင်ဂရုမစိုက်ပဲ ရှင့်ကိုနမ်းချင်တယ်။ ကျွန်မရှင့်တစ်ယောက်ထဲကိုပဲ လိုချင်တယ်

မဟုတ်သေးဘူး။ ကျွန်မခံစားချက်တွေဝန်ခံတာ အဲ့လောက်မရှည်သင့်ဘူး။ ဒါကကျွန်မရင်ထဲက ထွက်လာတာမဟုတ်ပဲ လေ့ကျင့်ထားသလိုကြီးဖြစ်နေတယ်

ဒါပေမယ့် အခုလဲလေ့ကျင့်နေတာပဲမလား။ ဟုတ်တယ်မလား? God! Kai ကိုကျွန်မခံစားချက်တွေ ဝန်ခံတုန်းကထက် ပိုခက်မယ်လို့မထင်မိဘူး ကျွန်မဟင်းချက်ယောင်းမကိုင်ထားရင်း သက်ပြင်းချလိုက်မိတယ်။ ဒီနေ့ည ကျွန်မနဲ့ Lisa တို့ စကားပြောဖို့အတွက် မီးဖိုခန်းထဲမှာ ချက်ပြုတ်နေတာဖြစ်တယ်။

Lisa အကြောင်းအတွေးထဲဝင်လာတော့ ပြုံးလိုက်မိတယ်။ ဒီမနက် Lisa ရုံးမသွားခင် ကျွန်မတို့နှစ်ယောက်ကြားက တစ်ခုခုကိုဆွေးနွေးကြမယ်လို့ပြောသွားတယ်။ အဲ့ဒါကြောင့် ကျွန်မတို့နှစ်ယောက်အတွက် romantic dinner ကို စီစဉ်နေတာဖြစ်တယ်။

Lisa ကျွန်မအဖေကို ပြန်ပေးသမားတွေလက်ထဲက ကယ်ခဲ့ကတည်းက သူနဲ့ပထမအကြိမ်တွေ့ခဲ့ရပြီး အခုထိ အတူရှိခဲ့တာဖြစ်တယ်။ သူကျွန်မကို အမြဲကာကွယ်ပေးခဲ့တာဖြစ်တယ်။ ကျွန်မ Kai နဲ့တွဲမယ်လို့ပြောခဲ့တုန်းကတောင် ကျွန်မတို့တွဲနေတဲ့တစ်လျှောက်လုံး Lisa ကာကွယ်ပေးခဲ့တယ်။

ကျွန်မသူ့ကိုဘာမှမတောင်းဆိုခဲ့တာတောင် သူအကုန်ပေးခဲ့တယ်။ ကျွန်မဘာမှပြောစရာမလိုပဲ သူအမြဲရှိနေခဲ့တယ်။ ကျွန်မမိုက်မိုက်မဲမဲတွေလုပ်ခဲ့မိတာတောင် သူဘာမှမပြောပဲ ရင်ဖွင့်ကြိုဆိုပေးခဲ့တယ်။ နှစ်သိမ့်ပေးခဲ့တယ်။

THE HEIRESS AND THE BODYGUARD (JENLISA) (Translation)Where stories live. Discover now