Chapter 2

2.3K 203 5
                                    

Lisa Pov

Seoul မြို့ရဲ့ သီးသန့်ဆန်ပြီး ကျယ်ဝန်းတဲ့နေရာတစ်ခုဆီကို ကားမောင်းလာတာကို Lisa သတိထားမိလိုက်တယ်။ ဒီလိုနေရာမျိုးကို မင်းသာချမ်းသာခဲ့မယ်ဆိုရင် မင်းလဲနေနိုင်မှာပဲ။ ဒီလိုမြေကိုဝယ်မယ်ဆိုရင်တော့ မြေပိုင်ရှင်က မင်းဘယ်လောက်ချမ်းသာလဲ။ ဘယ်လောက်အာဏာရှိလဲ။ ဘယ်သူတွေနဲ့အဆက်အသွယ်ရှိလဲ။ ဘယ်လိုလွှမ်းမိုးမှုရှိတဲ့သူလား ဆိုတာတွေကို အသေးစိတ်စစ်ဆေးပြီးမှ မင်းကိုရောင်းလိမ့်မယ်။ မင်းမှာသာ ဒီလိုအချက် အလက်တွေမရှိဘူးဆိုရင် မင်းဒီမြေကိုဝယ်ဖို့မပြောနဲ့ ဒီမြေရှိရာအရပ်တောင်မင်းကို လာခိုင်းမှာမဟုတ်ဘူး။

ဒီသီးသန့်ဆန်တဲ့ရပ်ကွက်မှာ စံအိမ်ကြီးတွေကိုနေရာတိုင်းမှာ တွေ့နိုင်တယ်။ ပြီးတော့ သီးသန့်အစောင့်တွေကိုလဲ စံအိမ်ရဲ့ကြီးမားတဲ့အဝင်ဂိတ်တွေမှာ တွေ့ရလိမ့်မယ်။

ကားကအကွေ့နှစ်ခုကိုဖြတ်ခဲ့ပြီးတဲ့နောက် ခံတပ်နဲ့တူတဲ့နေရာတစ်ခုကို Lisa တို့ရောက်လာခဲ့ကြတယ်။ နံရံတံတိုင်း တွေက ကြီးမားတဲ့အပြင်အမြင့်ကြီးတွေဖြစ်လို့ မင်းသာကျော်မတက်ဘူးဆိုရင် အထဲမှာ ဘာရှိမယ်ဆိုတာ ဘယ်လိုမှ မြင်ရလိမ့်မှာမဟုတ်ဘူး။ Lisa တို့ကားထဲမှာ ဘယ်သူပါလာတယ်ဆိုတာမြင်လိုက်ရတော့ ဂိတ်အစောင့်က ဉီးညွှတ်လိုက်ပြီး ဂိတ်တံခါးကိုဖွင့်ပေးလိုက်တယ်။

Lisa တို့အိမ်အဝင်လမ်းကိုကားဆက်မောင်းလာတော့ စစ်သားတွေကိုတွေ့လိုက်ရတယ်။ ဖြစ်နိုင်တာတော့ Mr.Kim ပြန်လာမယ်ပြောထားလို့ ပြင်ဆင်ထားပုံရတယ်။ ဂိတ်အပြင်အဝင်ဝမှာလဲ စစ်သားနှစ်ယောက်စောင့်ကြပ်နေတာကို သတိထားမိလိုက်တယ်။ သူတို့ကို Lisa အဖေတာဝန်ပေးထားပုံရတယ်။

Lisa တို့ကားအိမ်တံခါးဝရှေ့ရောက်တော့ စစ်သားတစ်ယောက်က Lisa ဘက်ကကားတံခါးကိုဖွင့်ပေးလိုက်တော့ Lisa ဆင်းလိုက်တယ်။ ပြီးတော့ Mr.Kim လိုက်ဆင်းလိုက်တယ်။

"ကျွန်မတို့ရောက်ပြီ Sir" Lisa ပြောလိုက်တယ်။

Mr.Kim ခေါင်းညိမ့်ပြလိုက်ပြီး Lisa ပုခုံးကိုပုတ်လိုက်တယ်။ သူ့ကျေးဇူးတင်နည်းတစ်မျိုးလို့ Lisa သဘောပေါက်လိုက် တယ်။

THE HEIRESS AND THE BODYGUARD (JENLISA) (Translation)Where stories live. Discover now