Chapter 13

1.6K 165 12
                                        

Lisa's POV

ဒီနေ့က သောကြာနေ့ညဖြစ်ပြီး ကိုရီးယားရဲ့စားသောက်ဆိုင်တစ်ဆိုင်မှာ Lisa တစ်ယောက်တည်းထိုင်ပြီး ညစာစားနေတယ်။

Lisa စားပွဲနားမှာထိုင်နေကြတဲ့အတွဲတစ်တွဲကိုကြည့်လိုက်မိတော့ ကောင်လေးကတစ်ခုခုပြောလိုက်တာကို ကောင်မလေးကရှက်သွားတာကို တွေ့ရတယ်။ သူတို့ဘာပြောနေကြလဲဆိုတာ Lisa မကြားရဘူးဖြစ်နေပြီး ဘာတွေပြောနေလဲဆိုတာလဲ မသိချင်ဘူးဖြစ်နေတယ်။ Lisa ညစာဆက်စားနေတုန်း ရုတ်တရက် ကောင်လေးက ကောက်မလေးလက်ကိုကိုင်လိုက်ပြီး တစ်ခုခုပြောလိုက်တော့ ကောက်မလေးကခေါင်းငုံလိုက်ပြီး ခေါင်းညိမ့်ပြလိုက် တာကိုတွေ့လိုက်ရတယ်။

Lisa ဒီမြင်ကွင်းကိုမြင်လိုက်ရတော့ စားလက်စ ခက်ရင်းပြုတ်ကျသွားခဲ့တယ်။

Jennie! မင်းနှလုံးသားကိုသူ့ဆီပေးလိုက်ပြီပေါ့။ အခုမင်းတို့တရားဝင်တွဲကြတော့မှာပေါ့။

Lisa ဗိုက်ထဲကအူတွေထိပါ ကန်ခံလိုက်ရသလိုခံစားလိုက်ရပြီး နှလုံးသားရှိတဲ့ဖက်က ရင်ဘတ်အောင့်လာခဲ့တယ်။ ရုတ်တရက် နားရွက်တွေပူထူလာပြီး အသက်ရှုမဝတော့သလို ခံစားလိုက်ရတယ်။ Kai မတ်တပ်ရပ်လိုက်ပြီး Jennie ကိုတင်းတင်းကြပ်ကြပ်ဖက်လိုက်တာမြင်တော့ Lisa ဖန်ခွက်ကိုဆုတ်ကိုင်လိုက်ပြီး ကွဲတော့မလိုဖြစ်သွားတယ်။ သူဖက်လိုက်တဲ့တင်းကြပ်မှုက Lisa နှလုံးသားကိုတင်းကြပ်စွာဆုတ်ကိုင်လိုက်တာနဲ့ ထပ်တူကြနေခဲ့တယ်။

ရုတ်တရက်နားထင်တွေထိုးကိုက်လာပြီး Lisa လက်တွေတုန်လာတာကိုခံစားလိုက်ရတယ်။ Lisa ဖုန်းကိုထုတ်လိုက်ပြီး တစ်ယောက်ယောက်ကိုဖုန်းခေါ်လိုက်တယ်။

"မင်းလာခေါ်ပေးလို့ရမလား။ ငါဒီနေ့ညကားမောင်းလို့ရမယ်မထင်ဘူး" Lisa ဖုန်းထဲကတစ်ယောက်ကိုပြောလိုက်တယ်။ Lisa သူပြန်ပြောတာကိုမစောင့်တော့ပဲ ဖုန်းချလိုက်တယ်။

Jennie လှမ်းကြည့်နေတာကိုတွေ့လိုက်ရပြီး သူမှရှက်ပြီးပျော်နေတာကိုတွေ့လိုက်ရတယ်။

ကိုယ်ဒီလောက်နာကျင်နေရတာကို မင်းဘယ်လိုပျော်နိုင်ရက်ရတာလဲ။

THE HEIRESS AND THE BODYGUARD (JENLISA) (Translation)Where stories live. Discover now