Chapter 8

1.5K 171 10
                                    

Lisa Pov

Kim မိသားစုမှာ Lisa အလုပ်လုပ်နေခဲ့တဲ့လတွေမှာ Jennie အတွက် ဘာပြဿနာကြီးကြီးမားမားမှ မတွေ့ရပဲ တစ်ခြားကျောင်းက အုပ်စုတွေရဲ့ Bullying လုပ်တာမျိုးလောက်ပဲ ကြုံခဲ့ရတယ်။

Jennie အတန်းတက်တဲ့အခါတိုင်းမှာ Lisa အခန်းအပြင်ကစောင့်နေတတ်ပြီး သူမအတန်းပြီးလို့ သွားချင်တဲ့နေရာကို လိုက်ပို့ပေးခဲ့တယ်။

သူမကိုလိုက်ချင်နေတဲ့ တစ်ချို့ကောင်လေးတွေရှိပေမယ့် Lisa သူတို့ကိုခွင့်မပြုခဲ့ဘူး။ ခွင့်မပြုခဲ့ဘူးလို့ပြောတာက သူတို့ကိုအော်ဟစ်တာခြိမ်းခြောက်တာမျိုးမဟုတ်ပဲ Lisa သူတို့ကိုကြည့်လိုက်တဲ့အကြည့်မှာ "ငါမင်းတို့ကို သတ်ပစ်လိုက်မယ်" ဆိုတဲ့အကြည့်နဲ့တင်သူတို့ Jennie နားမကပ်ရဲတာဖြစ်တယ်။ နောက်ပြီး သူတို့ Jennie နဲ့အကြည့်ချင်းဆုံရင်သူတို့အကုန်မကြွေပဲမနေနိုင်ကြဘူး။ Lisa သူတို့ကို "ငါမင်းတို့ကိုသတ်ပစ်မယ်"ဆိုတဲ့အကြည့် ကြည့်ပြီးတဲ့နောက် Jennie နဲ့မျက်လုံးချင်းပြန်မဆုံရဲဘူး။ သူမအကြည့်က Lisa စိတ်အတွင်းထဲထိ သိနေတဲ့အတိုင်းပဲလို့ ခံစားရတယ်။

Lisa သူ့အပေါ်ခံစားချက်ရှိနေတာကို သူမသိနေတာလား?

မဟုတ်ဘူး။ Lisa သူမနေရတာ မသက်မသာမဖြစ်စေချင်ဘူး။ ပြီးတော့ Lisa ဘာမှမဟုတ်သလိုနေခဲ့တာ ခုထိအဆင်ပြေ နေသားပဲ။

Jennie တို့အပြင်ထွက်တဲ့အခါတိုင်းတို့ ကော်ဖီဆိုင်ထိုင်တဲ့အခါတိုင်းတို့မှာ သူမအတန်းထဲကတစ်ချို့က Lisa အကြောင်းသိချင်လို့လာချဉ်းကပ်ကြတယ်။ သူတို့က ပေါင်းရလွယ်ပြီး ကြွေလွယ်ကြတယ်ဆိုတာ Lisa သိပေမယ့် သူတို့က Jennie အတန်းဖော်တွေဖြစ်ကြပြီး သူတို့ကိုအရေးမကြီးဘူးလို့သဘောထားလိုက်တယ်။ ပြီးတော့ သူတို့နဲ့ အပြင်သွားပြီး အတူအိပ်ဖို့လဲမဖြစ်နိုင်ဘူးလေ။

သူတို့သာအသက်ပြည့်ပြီး Jennie အတန်းဖော်တွေမဟုတ်ရင်တော့ သူတို့နဲ့အပြင်သွားပြီး အိပ်တာလုပ်လို့ရတာပေါ့။

Lisa အနေနဲ့ ပေါင်ကြားမှာညီလေးရှိနေတာ လျှို့ဝှက်ချက်တော့မဟုတ်ဘူး။ Lisa ဒီအခြေအနေကို Kim စံအိမ်ကို မရောက်ခင်ထဲက ဒီအကြောင်းအရာတွေသူတို့သိပြီးသားဖြစ်ပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး သူတို့ Lisa ကိုဘာမှ မပြောခဲ့ကြတဲ့အပြင်အထူးတစ်လည်လဲ မဆက်ဆံကြဘူး။ အထူးသဖြင့် Lisa နဲ့အပြင်ထွက်တာများတဲ့ Jennie လဲသူ့ကို ပုံမှန်လိုပဲဆက်ဆံခဲ့တယ်။

THE HEIRESS AND THE BODYGUARD (JENLISA) (Translation)Where stories live. Discover now