Chapter 33

3.4K 178 6
                                    

Lisa's Pov

Lisa တို့စားသောက်ဆိုင်ကို Maserati ကားနဲ့မောင်းလာခဲ့တယ်။ Jennie ကသူမလုပ်စရာရှိတာလုပ်ရင်း ဘေးခုံမှာ ထိုင်နေတယ်။ သူမကအရမ်းလှပြီး တစ်ချိန်တည်းမှာပဲ အရမ်းချစ်စရာကောင်းနေတယ်။

"အဲ့ဒီတော့ ကျွန်မတို့ဒီညဘယ်မှာစားကြမှာလဲ" သူမ Lisa လက်ကို ကစားနေရင်းမေးလိုက်တယ်။

"Hmm.. ကိုယ် Italian စားသောက်ဆိုင်တစ်ခုမှာ စားပွဲမှာထားတယ်။ မင်းကြိုက်မယ်လို့ မျှော်လင့်ပါတယ်" Lisa သူမကို ကြည့်လိုက်ပြီး လမ်းမကိုအာရုံပြန်စိုက်လိုက်တယ်။

"ကြားရတာ အရသာရှိမယ့်ပုံပဲ။ ကျွန်မအခုတောင် ဗိုက်ဆာလာပြီ" Jennie သူမ တစ်ကယ်ဗိုက်ဆာနေပြီဆိုတာ ပြတဲ့အနေနဲ့ ဗိုက်ကို ကိုင်ပြီး ဒရာမာခင်းလိုက်တယ်။

"မင်းသရုပ်ဆောင်နေတာ တော်လိုက်စမ်းပါ။ တော်တော်နောက်တာပဲ" Lisa ပြောလိုက်ရင်း စားသောက်ဆိုင်ရှေ့ ကားပါကင်ထိုးလိုက်တယ်။

"ယေးးးး" Lisa ကားပေါ်ကမဆင်းခင် သူမအော်လိုက်တာကိုကြားလိုက်ရတယ်။ Lisa သူမတံခါးရှိတဲ့ဘက်လျှောက် လိုက်ပြီး သူမအတွက်ကားတံခါးဖွင့်ပေးလိုက်တယ်။

"အမြဲတမ်း လူကြီးလူကောင်းတစ်ယောက်ပဲ Lisa" သူမပြောလိုက်ပြီး Lisa လက်ကိုချိတ်လိုက်တယ်။

"ဒါပေမယ့် ဟုတ်တာပေါ့။ ကိုယ်လူကြီးလူကောင်းဆန်ရမှာပေါ့။ ဒီလိုလှပတဲ့ညနေခင်းလေးမှာ လှပတဲ့မိန်းကလေးနဲ့ date ရတာပဲ" Lisa သူမကိုပြောလိုက်ပြီး မျက်လုံးမှိတ်ပြလိုက်တယ်။

သူမအကြည့်လွှဲလိုက်ပြီး မျက်လွှာချလိုက်တာကို တွေ့လိုက်ရတယ်။

ဒါကသူမရှက်သွားတာလား။ သူမပါးလေးရဲသွားတာကို‌ တွေ့လိုက်ရတယ်။

Lisa သူမရှက်သွားတာကိုတွေ့လိုက်ရတော့ ပြုံးလိုက်မိတယ်။ သူမကိုစနောက်ပြီး ဒီအခိုက်အတန့်လေးကို မပျက်စီး သွားချင်ဘူး။

Lisa ကားသော့ကိုလုံခြုံရေးကိုပေးလိုက်တယ်။ ပြီးတော့ ဧည့်ကြိုတစ်ယောက်က Lisa တို့ကိုနှုတ်ဆက်လိုက်တာကို တွေ့ရတယ်။

"Good evening, Ms. Manoban နဲ့ Ms. Kim။ ကျွန်မနာမည်က Joy ပါ။ ဒီညအတွက် ကျွန်မကရှင်တို့ကို တာဝန်ယူ ဧည့်ခံရမယ့်သူပါ။ ကျွန်မရှင်တို့စားပွဲလိုက်ပြပါမယ်။ ကျွန်မနောက်လိုက်ခဲ့ကြပါ" သူမပြောလိုက်ရင်း ပြုံးပြလိုက်ပြီး စားပွဲရှိတဲ့ဆီခေါ်သွားခဲ့တယ်။

THE HEIRESS AND THE BODYGUARD (JENLISA) (Translation)Where stories live. Discover now