Chapter 19

1.7K 172 6
                                    

Jennie's Pov

သူတို့ကျွန်မကိုဖမ်းခေါ်သွားကြပြီး van ကားတံခါးပိတ်လိုက်ကြတယ်။ ကျွန်မပျောက်တဲ့ကိစ္စနဲ့ အလုပ်ရှုပ်ကြတော့မှာ သိလိုက်တယ်။

ပြောရရင် ဒီနှစ်ကကျွန်မအတွက် စိတ်ပူပြီးငိုနေရတာနဲ့စရမယ့်နှစ်နဲ့တူတယ်။ ကျွန်မကလေးတစ်‌‌ယောက်လို ငိုနေတော့ ဘေးကလူတစ်ယောက်ကကျွန်မကိုရိုက်ဖို့ပြင်လိုက်တယ်။ ဒါပေမယ့် တစ်ခြားတစ်ယောက်ကတားလိုက်တော့ သူ့လက် ကကျွန်မမျက်နှားနားရပ်သွားခဲ့တယ်။ ကျွန်မကြောက်ပြီးအသံမထွက်ပဲငိုနေမိတယ်။

ကျွန်မအဖေပြန်ပေးဆွဲခံရတုန်းကအဖြစ်အပျက်တွေပြန်မြင်ယောင်လာတယ်။ သူလဲကျွန်မလို ကြောက်နေခဲ့မှာလား။ အခုကျွန်မတွေးနေသလို သူလဲအမေနဲ့ကျွန်မအကြောင်းတွေးနေခဲ့မှာလား။

Mom, Dad အဖေတို့ရဲ့အကောင်းဆုံးသမီး မဖြစ်ခဲ့တဲ့အတွက် ကျွန်မတောင်းပန်ပါတယ်။ ဒါပေမယ့် ကျွန်မအမေတို့ကို အရမ်းချစ်တယ်ဆိုတာတော့ ကျေးဇူးပြုပြီးသတိရပေးပါ။

Jongin! မျက်စိတစ်မှိတ်အတွင်းမှာ ဖြစ်ပျက်သွားတာတွေအတွက် ကျွန်မတို့ဆက်တွဲလို့မရတော့တဲ့အတွက် ခွင့်လွှတ်ပေးပါ။

Lisa-yah! ကျွန်မတို့နှစ်ယောက်နောက်ဆုံးဖုန်းပြောခဲ့တုန်းက ကောင်းကောင်းမပြောခဲ့တာတောင်းပန်ပါတယ်။ ကျွန်မ ရှင့်ကိုစိတ်မဆိုးပါဘူး။ ကျွန်မရှင်နဲ့စကားထပ်ပြောနိုင်ဖို့ ဘယ်လောက်ဆုတောင်းနေမိလဲ. . .

Lisa အကြောင်းတွေးလိုက်မိတော့ ကျွန်မနှလုံးသားနာကျင်လာခဲ့တယ်။ ဘာလို့ကျွန်မရှင်နဲ့ဖုန်းပြောခဲ့တာကို ကောင်းကောင်းမပြောခဲ့မိတာပါလိမ့်။ ကျွန်မအဲ့ဒီနေ့က နည်းနည်းရင့်ကျက်ပြီး သူ့ကိုဖုန်းပြန်ခေါ်ခဲ့သင့်တာ။ ကျွန်မ အတွေးတွေရှုပ်ထွေးနေခဲ့တယ်။

ကျွန်မအဖေပြန်ပေးဆွဲခံရတုန်းကကျ Lisa ရှိနေခဲ့တယ်။ အခုကျွန်မအတွက်ကျ ဘယ်လိုလုပ်မလဲ။ သူကအခုထိုင်းမှာ သူ့အလုပ်အတွက်ရောက်နေတယ်။ သူ့အေဂျင်စီနဲ့ တစ်ခြားအေးဂျင့်တွေက ကျွန်မကိုကယ်မှာလား။

ဒါပြီးရင်ရော ကျွန်မအသက်ရှင်ရက်လွတ်မြောက်နိုင်မှာလား။

THE HEIRESS AND THE BODYGUARD (JENLISA) (Translation)Where stories live. Discover now