Chapter 25

1.9K 166 6
                                    

Lisa's Pov

"Trouble in paradise?" Irene ကပြောလိုက်တယ်။

သူမက vodka တစ်ခွက်ပေးလိုက်တော့ Lisa ယူလိုက်တယ်။

Josephine's တိုက်ခန်းကနေ Lisa ထွက်လာတော့ စိတ်ပြေသွားအောင် Satyr ကိုတန်းလာခဲ့တယ်။

"ခုနကဖြစ်ပျက်ခဲ့တာတွေက paradise အစစ်တော့မဟုတ်ပါဘူး" Lisa ပြောပြီးနောက်တစ်ခွက်မော့လိုက်တယ်။

Irene ရယ်လိုက်တယ်။ "အိုး ရှင့်ဒေါသတွေအကုန်ကျွန်မအပေါ်တော့ပုံကျမခံနိုင်ဘူး" သူမ Vodka တစ်ပုလင်းနဲ့ ထားခဲ့ပြီး သူမအလုပ်သူမဆက်လုပ်နေခဲ့တယ်။

Irene က Satyr မှာ Seulgi ရဲ့ နံပါတ်၁ barmaid အဖြစ်အလုပ်လုပ်နေတာဖြစ်တယ်။ ဒီကလပ်ကိုလာလည်ကြတဲ့ထဲ မှာ သူမရဲ့ကိုယ်ပိုင်ဧည့်သည်တွေပါရှိပြီး အများစုကတော့ သူမစကတ်အောက်ဝင်ချင်နေကြတာပဲဖြစ်တယ်။ ဒါပေမယ့် သူမပြောခဲ့သလိုပဲ သူမခန္ဓာကိုယ်က ရောင်းဖို့မဟုတ်ဘူး။ သူမက Satyr ရဲ့ barmaid သီးသန့်ပဲဖြစ်တယ်။ ပြောရမယ် ဆိုရင် ကလပ်ပိုင်ရှင် Seulgi ကိုယ်တိုင်တောင် သူမခန္ဓာကိုယ်ကိုရဖို့မဖြစ်နိုင်ဘူး။

Lisa စိတ်တွေရှုပ်ထွေးနေတယ်။ ပြီးတော့ Lisa နှလုံးသားရောပဲ။ ဒီရက်တွေမှာ ခံစားချက်တွေအမျိုးမျိုးဖြစ်နေပြီး ရိုလာကိုစတာစီးနေရသလိုပဲ။ ပျော်ရွှင်မှုတွေ၊ ဝမ်းနည်းမှုတွေ၊ စိတ်ပျက်မှုတွေ၊ နာကျင်မှုတွေ၊ ဒေါသတွေ တစ်လှည့် စီဖြစ်နေတယ်။ ဘာကိုအာရုံစိုက်ရမလဲမသိဘူးဖြစ်နေတယ်။

Kai သူရဲ့ဖောက်ပြန်မှုတွေကို Jennie သိပြီးတာတောင် သူမကသူ့ကိုဆက်ခွင့်လွှတ်နေတုန်းပဲ။ လက်ခံနေတုန်းပဲ။

ဘယ်လောက်ကံကောင်းလိုက်တဲ့ကောင်လဲ။

Lisa ရဲ့ vodka ပုလင်းတစ်ဝက်လောက်ကုန်သွားတော့ ဘေးပတ်လည်ကိုရှိုးလိုက်ပြီး Josephine နဲ့မဖြစ်လိုက်ရတဲ့ Lisa အချိန်တွေကို ကုန်ဆုံးနိုင်မယ့် တစ်ယောက်ယောက်ကိုရှာလိုက်တယ်။ ဘာပဲပြော‌ပြောတင်းနေတဲ့ Lisa စိတ်တွေ ဖြေလျော့ပေးဖို့လိုအပ်နေသေးတယ်။

လွန်ခဲ့တဲ့တစ်လကမှ Seulgi ငှားထားတဲ့ Nymph အသစ်လေးကို Lisa တွေ့လိုက်တယ်။ ဒီအသစ်လေးနဲ့ Lisa တစ်ခါမှ မတွေ့ဖူးသေးတော့ ဒီညကို သူမနဲ့ဒီညကုန်ဆုံးဖို့ဆုံးဖြတ်လိုက်တယ်။

THE HEIRESS AND THE BODYGUARD (JENLISA) (Translation)Where stories live. Discover now