Chapter 37

3.1K 181 6
                                    

Lisa's Pov

Jennie နဲ့အဝေးမှာနေရတာက တစ်ကယ့်စိန်ခေါ်မှုတစ်ခုကြီးပဲ။ Lisa သူမကိုတွေ့ချင်တယ်။ ဖုန်းခေါ်ချင်တယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုထိန်းနေရတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူမအသံလေးသာကြားလိုက်ရရင် အခုချက်ချင်း လေယာဉ်လက်မှတ်ဖြတ်ပြီး Seoul ကိုပြန်မိလိမ့်မယ်။

Lisa ထိုင်းမှာနေတဲ့နှစ်ပတ်လုံး အလုပ်ထဲမှာပဲစိတ်နှစ်ထားခဲပြီး အားလပ်ချိန်တွေမှာ gym မှာကုန်ဆုံးခဲ့တယ်။ ဒီလိုမှ ပင်ပန်းပြီးညတွေစောစောအိပ်ပျော်မှာဖြစ်တယ်။ မဟုတ်ရင် သူမအကြောင်းတွေတွေးမိပြီး တစ်ညလုံးအိပ်မရပဲနေလိမ့် မယ်။

Lisa နှိုးထတဲ့မနက်ခင်းတိုင်းက သူမအငွေ့အသက်တွေနဲ့နှိုးထရတာကို အသားကျနေပြီ။ လက်မောင်းပေါ်အိပ်တတ်တဲ့သူမ၊ သူမ အသက်ရှုသံလေး၊ ပြီးတော့ သူနှာခေါင်းတစ်ခါတစ်ရံရှုံ့တာလေး အရမ်းချစ်စရာ ကောင်းတာပဲ။ Lisa အိပ်ယာထပြီး ရေချိုးခန်းထဲမဝင်ခင် သူမနဖူးလေးကိုနမ်းလေ့ရှိတယ်။

သူမမရှိပဲ Lisa ထပ်မနေတတ်တော့ဘူး။ ပြီးတော့ သူမကို ဘယ်သူမှ Lisa ဆီကယူသွားမှာကို ခွင့်ပြုတော့မှာ မဟုတ်ဘူး။ Jennie ဆန္ဒမပါရင်တော့...

အဲ့ဒါကြောင့် ထိုင်းကနေပြန်ရောက်ရင် သူမကို Lisa ခံစားချက်တွေဖွင့်ပြောဖို့ ဆုံးဖြတ်ထားတယ်။

တစ်ကယ်လို့ သူမသာလက်ခံခဲ့ရင် သူမအတွက် အမြဲတမ်းစိတ်ချမ်းသာအောင် ပျော်အောင်လုပ်ပေးမယ်။

သူမသာလက်မခံခဲ့ရင်တော့ ရှိခဲ့တဲ့အမှတ်တရတွေကို အမြဲသိမ်းထားမယ်။ ပြီးတော့ လက်ကျန်နေ့ရက်တွေကို အကုန်လွှတ်ချလိုက်တော့မယ်။ သူမကိုစတွေ့ခဲ့တဲ့ လှေကားပေါ်ကဆင်းလာတဲ့နေ့ကစခဲ့ပြီး နောက်ဆုံးတစ်ခါတော့ သူမလှပတဲ့မျက်နှာလေးကိုတွေ့ချင်သေးတယ်။

သူမငြင်းမှာကိုတွေးမိရုံနဲ့တင် ဖော်ပြလို့မရတဲ့နာကျင်မှုတွေ နှလုံးသားမှာခံစားလာရတယ်။ ဒါပေမယ့် တစ်နေ့မှာ သူမအချစ်စစ်ကိုရှာတွေ့သွားခဲ့ရင် ဘယ်လောက်ပဲနာကျင်ရပါစေ သူမအတွက်ပြုံးပေးမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ သူမအချစ်စစ်ကိုရှာတွေ့သွားပြီး ပျော်ရွှင်သွားလို့ဖြစ်တယ်။

THE HEIRESS AND THE BODYGUARD (JENLISA) (Translation)Where stories live. Discover now