Jennie's Pov
"Lisa-yah! ရှင်ဒါကိုမှတ်မိလား?" ကျွန်မ Nini ကိုသူ့မျက်နှာရှေ့ထိုးပြလိုက်ရင်းမေးလိုက်တယ်။ Nini သူ့မျက်နှာနား ထိုးပေးလိုက်တာ အရမ်းကပ်သွားတော့ သူ့ခေါင်းနောက်ပြန်ဆုတ်လိုက်တာလေးကို ကြည့်ပြီး ရယ်လိုက်တယ်။
"ကိုယ်ဘယ်လိုမေ့မှာလဲ။ မင်းကိုပေးခဲ့တာ ကိုယ်ပဲဟာ" Lisa ဖုန်းကြည့်နေတာရပ်လိုက်ပြီး ပြောလိုက်တယ်။
"Yeah, အဲ့ဒီအချိန်ထဲက ကျွန်မအိပ်ယာပေါ်မှာ ကျွန်မနဲ့ nini အတူရှိနေခဲ့တာ" ကျွန်မ Nini ကိုခေါင်းအုံးပေါ်တင်လိုက် တယ်။ ပြီးတော့ ဆိုဖာဘက်ပြန်လျှောက်လာပြီး Lisa ဘေးထိုင်လိုက်တယ်။ "ကျွန်မဘာပြဿနာပဲရှိလာပါစေ Nini ကိုအမြဲစကားပြောတယ်။ အံ့ဩစရာကောင်းတာက သူမကလဲ ကောင်းကောင်း နားထောင်ပေးတယ်။
ကျွန်မရူးသွားတာလားဆိုတဲ့ပုံစံနဲ့ Lisa ကြည့်လိုက်တာကိုတွေ့ရတယ်။
"Nini ကအရုပ်တစ်ရုပ်ဆိုတာ မင်းသိတယ်မလား" Lisa မျက်မှောင်ကြုံ့လိုက်ပြီး မေးလိုက်တာကို တွေ့ရတယ်။
"ကျွန်သိတယ်။ စနေတာပါ"
"အဲ့ဒါဆိုဘာလို့ မင်းသူ့ကိုစကားပြောနေရတာလဲ"
"ဘာဖြစ်လို့လဲဆိုတော့ သူမတစ်နေကုန် အခန်းထဲမှာအထီးကျန်နေမှာ။ အဲ့ဒါကြောင့် ကျွန်မသူမကိုစကားပြောပေးနေ တာ။ ပြီးတော့ ကျွန်မရှင့်ကိုပြောပြီးပြီပဲ သူမတစ်ကယ်နားထောင်ပေးပါတယ်ဆို" ကျွန်မဖြေလိုက်တယ်။
"မင်းတစ်ခုခုပျင်းတဲ့အခါတိုင်း ကိုယ့်ကိုစကားပြောလို့ရတယ်ဆိုတာ မင်းသိတယ်မလား" Lisa ပြောလိုက်တယ်။
"ကျွန်မသိပါတယ်.." ကျွန်မသက်ပြင်းချလိုက်တယ်။ "ဒါက..ဒီလို ရှင်သိပါတယ်။ တစ်ခါတစ်လေကျ စကားပြောဖို့ တစ်ယောက်ယောက်ရှိချင်တယ်။ အတူတူစကားပြောဖို့မဟုတ်ဘူး။ ကျွန်မစကားပြောတာ ဘာကောက်ချက်မှမချပဲ၊ မဝေဖန်ပဲ နားထောင်ပေးမယ့်လူတစ်ယောက်ယောက်ပေါ့။ ကျွန်မရင်ဖွင့်လို့ရမယ့် တစ်ယောက်ယောက်ပေါ့" ကျွန်မ သူ့ကိုပြောလိုက်တယ်။
"ဘာလို့လဲ။ မင်းတစ်ခုခုပြောစရာရှိလို့လား။ မင်းတစ်ခုခုရင်ဖွင့်စရာရှိနေလို့လား" Lisa သူ့ဖုန်းကိုစားပွဲပေါ်တင်လိုက်ရင်း မေးလိုက်တာကိုတွေ့ရတယ်။ "မင်းပြောချင်ရင် ကိုယ်ဒီမှာရှိတယ်လေ" Lisa ဆက်ပြောလိုက်တယ်။
YOU ARE READING
THE HEIRESS AND THE BODYGUARD (JENLISA) (Translation)
Fanficကမ္ဘာပေါ်က အတော်ဆုံး agent တွေထဲကတစ်ယောက် Lalisa Manoban. သူတာဝန်ယူဆောင်ရွက်တဲ့ကိစ္စမှန်သမျှ ၁၀၀% အောင်မြင်ခဲ့တာတွေကြီးပဲ။ လူအသက်တွေအများကြီးကိုသတ်ခဲ့သလို လူပေါင်းများစွာရဲ့အသက်တွေကို ကယ်တင်ခဲ့တဲ့သူ။ Mission တစ်ခုသူ့အပေါ်ပေးအပ်ခံရတဲ့အခါ သူ့ဘဝပြောင်း...