Chapter 11

1.5K 175 2
                                    

Lisa's Pov

Mr.Kim နဲ့စကားပြောပြီးတော့ Lisa ရေချိုးပြီးကာစလေးဖြစ်တယ်။ မနက်ဖြန်က တနင်္ဂနွေနေ့ဖြစ်ပြီး အားလက်ရက် တစ်ရက်ယူဖို့ဆုံးဖြတ်လိုက်တယ်။ ဒီနေ့ဖြစ်ပျက်ခဲ့တဲ့ စိတ်ဖိစီးမှုတွေ အထူးသဖြင့် Jennie ကိုဟိုကောင်နဲ့တွဲပြီးမြင်ခဲ့ရ တဲ့ စိတ်ရှုပ်မှုတွေအတွက် ဖြေဖျောက်ချင်လို့ဖြစ်တယ်။

Lisa ခေါင်းကို dryer နဲ့မှုတ်ရင်းတွေးလိုက်တယ်။ Seulgi ကိုခေါ်ပြီးဒီညသောက်သင့်တယ်ထင်တယ်။ ဟုတ်တယ်။ မနက်ဖြန်သူနဲ့သွားသောက်ကြမယ်။

Jogging ဘောင်းဘီနဲ့ တီရှပ်အဖြူပွပွတစ်ထည့်ညအိပ်ဖို့ဝတ်ပြီးတဲ့အချိန်မှာ Lisa တံခါးခေါက်သံကြားလိုက်တယ်။

ဘယ်သူများလဲ?

Lisa တံခါးကိုဖွင့်ကြည့်လိုက်တော့ Jennie ရပ်နေတာကိုတွေ့လိုက်ရတယ်။ သူမလဲ Lisa လိုပဲ ရေချိုးပြီးခါစဖြစ်မယ် ထင်တယ်။ ဘာလို့လဲဆို သူမဆံပင်အနည်းငယ်စိုနေတာတွေ့ရပြီး အိပ်ယာဝင်ဖို့ပြင်ထားတာကို တွေ့ရတယ်။ သူမကြည့် ရတာ နည်းနည်းစိုးရိမ်နေပြီး ကြောက်ရွံ့နေသလိုဖြစ်နေတာကိုတွေ့ရတယ်။

"Jennie ဒီမှာဘာလုပ်နေတာလဲ။ တစ်ခုခုဖြစ်လို့လား" Lisa စိုးရိမ်တစ်ကြီးမေးလိုက်တယ်။

"ကျွန်မဝင်လာလို့ရမလား" သူမလက်မကိုပွတ်နေရင်း တိုးတိုးလေးမေးလိုက်တယ်။

ခုနတုန်းက‌တော့ မင်းကြည့်ရတာ စိတ်ပျက်နေတဲ့ကြောင်မလေးပုံစံနဲ့ကိုယ့်ကိုတောင်မကြည့်ခဲ့ဘူး။ အခုကျတော့လဲ ကိုယ့်အခန်းထဲကိုဝင်ချင်နေပြီပေါ့။

"ဝင်လို့ရတာပေါ့" Lisa သူမကိုပြောလိုက်ရင်း တံခါးကိုပိုကျယ်အောင်ဖွင့်ပေးလိုက်တယ်။

သူမအခန်းထဲရောက်တော့ Lisa တံခါးပြန်ပိတ်လိုက်တယ်။ သူမအခန်းနဲ့ Lisa အခန်းကကပ်ရပ်ဖြစ်ပြီး Mr.Kim က Lisa ကိုသူမနဲ့နီးနီးကပ်ကပ်မှာပဲနေစေချင်တာပဲဖြစ်တယ်။ ဒါပေမယ့် သူမအိပ်ယာမှာ Lisa အိပ်ဖို့တော့ သူတို့ခွင့်ပြုထားတာ မဟုတ်ဘူး။

သူမ Lisa အခန်းထဲဝင်လာတာ ပထမအကြိမ်တော့မဟုတ်ဘူး။ သူမပျင်းနေတဲ့အခါမျိုးတို့ သူမဘာမှလုပ်စရာမရှိတဲ့ အခါမျိုးတို့ဆို Lisa အခန်းကိုရောက်လာတတ်ပြီး အချိန်ဖြုန်းတတ်တာဖြစ်တယ်။ ပြီးတော့ သူမ Lisa အိပ်ယာခင်း အနံ့ကိုအရမ်းကြိုက်တာဖြစ်တယ်။

THE HEIRESS AND THE BODYGUARD (JENLISA) (Translation)Where stories live. Discover now