Chapter 5

1.9K 191 4
                                    

Jennie Pov

နှိုးစက်မြည်သံကြားလိုက်ရတော့ ကျွန်မလန့်နိုးလာခဲ့တယ်။ နှိုးစက်ကိုလှမ်းယူလိုက်ပြီး နာရီကြည့်လိုက်မိတယ်။

မနက်၇နာရီ? ပြီးတော့ စနေနေ့ကြီးလေ။ ပိတ်ရက်တွေဆို နှိုးစက်ပေးမထားတတ်တာကိုသတိရသွားပြီး ဘယ်သူနှိုးစက် လာချသွားတာလဲဆိုပြီးရေရွတ်မိတယ်။

ခနနေတော့ ကျွန်မအမေအခန်းထဲကိုဝင်လာတာ တွေ့ရတယ်။

"သမီးနှိုးနေပြီဆိုတာအမေသိတယ်။ ပြီး‌တော့ နှိုးစက်ကိုအမေဘာလို့ပေးထားရတာလဲဆိုတာ အံ့ဩနေတာမလား" အမေက ကျွန်မကိုပြောလိုက်တယ်။

"Mom ဘာလို့နှိုးစက်ချထားရတာလဲ။ ဒီနေ့မှ စနေနေ့လေ။ ပြီးတော့ သမီးအိပ်ချင်နေသေးတယ်။ သမီးခေါင်းကိုက် နေလို့ လှဲပြီးအနားယူချင် . . . " အမေထွက်မသွားသေးတော့ ကျွန်မပြောတာရပ်သွားတယ်။

"မရဘူးသမီးလေး။ သမီးအိပ်ယာထမှရမယ်။ ပြီးတော့ ပြင်ဆင်ပြီး နာရီဝက်အတွင်း ထမင်းစားခန်းထဲဆင်းလာခဲ့။ သမီးအဖေကိုအကြာကြီးမစောင့်ခိုင်းချင်ဘူး။ သူမနေ့ညကအကြောင်းဘာမှမသိသေးဘူး။ ဘာလို့မနေ့ညက ဘားသွားပြီး နောက်ကျတဲ့ထိ မသိတဲ့သူတွေနဲ့သောက်စားနေရတာလဲ။ သမီးတစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။" အမေကကျွန်မကို မေးခွန်းတွေတစ်ခုပြီးတစ်ခုမေးပြီး စဆူတော့တာပဲ။

ကျွန်မခေါင်းအုံးကိုယူလိုက်ပြီး နားနှစ်ဖက်ကိုအုပ်လိုက်တယ်။ အမေဆူနေတဲ့အသံက အရက်နာကျပြီးခေါင်းကိုက်နေ တာထက်ကို ခေါင်းပိုကိုက်ရတယ်။

"Mom သမီးမသိတဲ့သူတွေနဲ့သောက်နေတာမဟုတ်ဘူး။ သမီးသူငယ်ချင်းတွေနဲ့အတူတူသောက်နေကြတာ" ကျွန်မပြန်ဖြေလိုက်တယ်။

"Oh yeah?အဲ့ဒါဆို ဘာလို့သမီးသူငယ်ချင်းတွေနဲ့ သွားသောက်မယ်ပြောပြီး မသိတဲ့လူတစ်ယောက်က သမီးကို အိမ်ပြန်ပို့ရတာလဲ။ အဲ့ဒါကြောင့်အမေကသမီးကို မသိတဲ့သူတွေနဲ့သောက်တာလို့ပြောတာပေါ့" အ‌မေပြန်ပြောလိုက်တာ ကိုကြားလိုက်ရတယ်။

"သူကမသိတဲ့သူမဟုတ်ပါဘူး။ သူကကျွန်မကိုကယ်. . . " အမေ့လက်မြှောက်ပြီး စကားဆက်ပြောဖို့တားလိုက်တော့ ကျွန်မပြောနေတာရပ်သွားတယ်။

THE HEIRESS AND THE BODYGUARD (JENLISA) (Translation)Where stories live. Discover now