Chapter 16

1.5K 177 4
                                    

Jennie's Pov

နှိုးစက်မြည်သံကြားလိုက်ရတော့ ကျွန်မနိုးလာခဲ့တယ်။ မနက် ၇နာရီထိုးတာဖြစ်ပြီး ကျောင်းသွားဖို့ ပြင်ဆင်ရမှာ ဖြစ်တယ်။ အတန်းချိန်က ၉နာရီမှစမှာဖြစ်လို့ ကျွန်မဖြေးဖြေးချင်းပြင်ဆင်ဖို့ အချိန်ရှိသေးတယ်။

ကျွန်မရေချိုးခန်းဘက်ထွက်လာရင်း မနေ့ညက အကြောင်းတွေတွေးမိပြီး ပြုံးမိတယ်။ Lisa ကကျွန်မသက်တော်စောင့် အနေနဲ့အမြဲရှိ နေတာ သူသိပေမယ့် Kai ကကျွန်မကိုကျောင်းလိုက်ပို့ပေးမယ်ပြောတယ်။

ကျွန်မတို့ dinner ရိုးရိုးလေးစားလိုက်ကြပြီး နောက်တစ်ပတ်ကို date လုပ်ကြဖို့သူကျွန်မကိုတောင်းဆိုခဲ့တယ်။ လွန်ခဲ့တဲ့နှစ်ရက်ကမှထွက်တဲ့ ရုပ်ရှင်ကားအသစ်ကြည့်ချင်တယ်လို့ သူပြောတော့ ကျွန်မသဘောတူခဲ့တယ်။ သူနဲ့အချိန်ဖြုန်းရတဲ့အချိန်တိုင်းက ကျွန်မအတွက်တော့ အမှတ်တရတွေနဲ့ပျော်စရာတွေပဲဖြစ်ပြီး သူ့နားနေရတဲ့ စက္ကန့်တိုင်းက အဖိုးဖြတ်လို့မရတဲ့အချိန်တွေကြီးပါပဲ။

ဒါကငယ်ရွယ်တဲ့လူငယ်တစ်ယောက်ရဲ့အချစ်ဉီးအတွေ့အကြုံပဲလား?

ကျွန်မသူ့အကြောင်းစဉ်းစားလိုက်တဲ့အချိန်တိုင်မှာ အချစ်လိပ်ပြာလေးတစ်ကောင်ကျွန်မနှလုံးသားထဲပျံသန်းနေသလို ခံစားရတယ်။ ပြီး‌တော့ အချိန်တိုင်းသူ့ကိုမြင်နေရပေမယ့်လဲ သူ့ကိုပဲထပ်တွေ့ချင်နေတယ်။

ဒါပေမယ့် သူနဲ့ Lisa ဘာလို့မတည့်ကြတာလဲဆိုတာ မစဉ်းစားတတ်ဘူး။ သူတို့က တစ်ခြားသူတွေနဲ့ဆို အပေါင်းအသင်း ကောင်းကြပေမယ့် သူတို့နှစ်ယောက်ကျ မတည့်ကြဘူး။ ကျွန်မနဲ့ပတ်သက်ပြီးတော့ သူတို့စကားစမြည်းပြောဖို့တောင် မကြိုးစားကြဘူး။

ကျွန်မဘဝရဲ့အရေးပါဆုံးနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက်သူငယ်ချင်းဖြစ်ကြပြီး အချင်းချင်းနွေးထွေးနေရင် ဘယ်လောက်ကောင်းလိုက်မလဲ။

ကျွန်မသက်ပြင်းချလိုက်တယ်။ ကျွန်မဒီအကြောင်းအရာတွေကိုတော့ ဖြစ်ချင်တိုင်းဖြစ်လို့မရဘူးဖြစ်နေတယ်။

ကျွန်မရေချိုးပြီးတော့ အဝတ်အစားဝတ်ဖို့ရေချိုးခန်းကထွက်လိုက်တယ်။ အဝတ်အစားလဲပြီး ထမင်းစားခန်းကို ထွက်လာခဲ့တော့ မနက်စာစားနေကြတဲ့ အဖေနဲ့အမေကိုတွေ့လိုက်ရတယ်။

THE HEIRESS AND THE BODYGUARD (JENLISA) (Translation)Where stories live. Discover now