Chapter 39

2.8K 171 4
                                    

Warning - Rape

Jennie's Pov

"ရှင်အကြာကြီးစောင့်လိုက်ရလား" ကျွန်မကားနားရောက်တော့ Lisa ကိုမေးလိုက်တယ်။

"မစောင့်ရပါဘူး။ ကိုယ်ရောက်ရောက်ချင်းပဲ မင်းဆီဖုန်းခေါ်လိုက်တာ" Lisa ပြန်ဖြေလိုက်ပြီး ကလပ်ဆီကားမောင်း လိုက်တယ်။

ဒီနေ့ကစနေနေ့ညဖြစ်ပြီး ကျွန်မတို့သူငယ်ချင်းတွေနဲ့သွားတွေ့ကြမှာဖြစ်တယ်။ ဒီရက်ပိုင်းကျွန်မတို့စံအိမ်မှာပဲ နေဖြစ် နေတဲ့အတွက် Lisa ကျွန်မကိုစံအိမ်မှာ လာခေါ်တာဖြစ်တယ်။ အဖေက သူတို့ဆီလာမလည်တာကြာပြီပြောလို့ သူတို့နဲ့ရက်ပိုင်းလောက်အတူနေဖို့ ဆုံးဖြတ်လိုက်တာြဖစ်တယ်။

Lisa ကမနက်တိုင်းကျွန်မကိုလာခေါ်ပြီး ညစာစားပြီးတော့မှ ပြန်ပို့ပေးလေ့ရှိတယ်။ ကျွန်မတို့အလုပ်ကိစ္စတွေ မအားကြတာကတစ်ကြောင်း၊ ဒီမှာနေဖြစ်ကြတာကတစ်ကြောင်းမို့ ဒီရက်ပိုင်းသိပ် မတွေ့ဖြစ်ကြဘူး။

ကျွန်မကိုကလပ်ကိုရောက်တော့ သူငယ်ချင်းတွေရှိတဲ့ဘက် Lisa ကိုခေါ်လာခဲ့တယ်။ သူတို့ ကျွန်မတို့ကိုမြင်သွားတော့ Nayeonက ကျွန်မတို့ကို vodka တစ်ယောက်တစ်ခွက်စီပေးလိုက်တယ်။

"Jisoo! နင်နေကောင်းသွားပြီလား" ကျွန်မထိုင်ခုံမှာ ထိုင်လိုက်ရင်း မေးလိုက်တယ်။

"အင်း။ ငါ့ဆရာဝန်ကစည်းကမ်းတင်းကျပ်တယ်လေ။ နေမကောင်းလို့ကို မရတော့ဘူး" Jisoo စနောက်တဲ့အကြည့်နဲ့ Rose ကိုကြည့်ပြီးပြောလိုက်တယ်။

"ပြီးတော့ ငါဘေးမှာမရှိတာနဲ့ ဘာမှမဖြစ်ပဲ ညှော်နေတာ ဘယ်သူလဲ၊ ငါဆေးရုံမှာတောင် အကြာကြီးအလုပ်လုပ်လို့ မရဘူး။ ကလေးတစ်ယောက်လို အဆက်မပြတ်ဖုန်းခေါ်နေတာ" Rose ပြောလိုက်တယ်။

"ကိုယ်မင်းကိုလွမ်းလို့ပါ။ ကိုယ်အိမ်မှာဘာမှလုပ်စရာမရှိတော့ အထီးကျန်သလိုခံစားရလို့" Jisoo ကနှုတ်ခမ်းဆူပြီး ပြောလိုက်တယ်။

"အိုး ဘေဘီကဆူပုတ်နေပြီ။ ဒီကိုလာ ဒီကိုလာ။ ကျွန်မကိုအနမ်းပေးပါအုံး" Rose ပြန်စလိုက်ပြီး Jisoo နားတိုးပြီး နမ်းလိုက်တယ်။

ကျွန်မမျက်လုံးလှန်ကစားလိုက်ပြီး Lisa လက်ကိုဖမ်းဆုတ်လိုက်တယ်။

THE HEIRESS AND THE BODYGUARD (JENLISA) (Translation)Where stories live. Discover now