Chapter 24

1.9K 156 5
                                    

Warning 18+ အသက်မပြည့်သေးရင်ကျော်ဖတ်ကြပါဗျ။ တောင်းဆိုပါတယ်။

Lisa's Pov

လေယာဉ်ဆိုက်တော့ လေဆိပ်မှာ Jennie ကို သူ့ကောင်လေးလာကြိုတာမဟုတ်ပဲ Bam Bam လာကြိုတာတွေ့ လိုက်ရတာအဲ့ကောင် ကံကောင်းသွားတယ်။ Lisa သူမရှေ့မှာဘာမှတော့မဖြစ်ချင်ဘူး။ နောက်ပြီး အဲ့ကောင်ကိုတွေ့ရင် ဘာဖြစ်လာမယ်လို့လဲ အာမမခံနိုင်ဘူး။

လေယာဉ်ဆိုက်တော့ Lisa အေဂျင်စီဆီ တန်းလာခဲ့တယ်။ Lisa သွားတာရက်ပိုင်းပဲ ကြာပေမယ့် အတွင်းရေးမှူးက Lisa သွားနေတုန်းဒီမှာလဲ အလုပ်တွေအများကြီးလုပ်ဖို့ရှိနေသေးတဲ့အကြောင်း အကြောင်းလှမ်းကြားတယ်။

Lisa အရင်အေးဂျင့်ဘဝကိုပြန်လွမ်းသွားတယ်။ Lisa ဒီစားပွဲနောက်မှာထိုင်ပြီး အလုပ်လုပ်နေရတာမျိုးကြီး မကြိုက်ဘူး။ ဒါပေမယ့်လဲ ဒါက Lisa ဘဝဆိုတာသိပြီး ဒါကိုလက်ခံနိုင်အောင်ကြိုးစားရမယ်။

Lisa သူတို့ပေးတဲ့စာရွက်စာတမ်းတွေကြည့်နေရင်း ဖုန်းမြည်လာတာတွေ့လိုက်ရတယ်။ Lisa ဘယ်သူခေါ်တာလဲဆိုပြီး ဖုန်းကိုကြည့်လိုက်တယ်။

"Hey" ခပ်ချွဲချွဲအသံနဲ့နှုတ်ဆက်လိုက်တာကို ကြားလိုက်ရတယ်။

"မင်းပြန်ရောက်လာတာ ကိုယ်မသိပါလား" Lisa ပြောလိုက်တယ်။

"အဲ့ဒါကြောင့် ရှင်သိအောင်ကျွန်မရှင့်ကိုခေါ်လိုက်တာ။ အဲ့ဒီတော့ ကျွန်မနဲ့လျှောက်လည်ကြမလား" သူမမေးလိုက် တယ်။ "လျှောက်လည်မယ်" သူပြောတာ ဘာဖြစ်ကြမယ်ဆိုတာ Lisa တို့သိနေကြတယ်။

"ဘယ်အချိန်လဲ ကိုယ့်ကိုပြော။ ကိုယ်လာခဲ့မယ်" ဒီရက်ပိုင်း sex ကိစ္စမလုပ်ဖြစ်တော့ Lisa လိုအပ်နေတာသိလိုက်ပြီး ချိန်းလိုက်တယ်။

"အခုဆိုရင်ရော ဘယ်လိုလဲ။ ကျွန်မရှင့်ကိုအရမ်းလွမ်းနေပြီ" သူမဖုန်းထဲကနေပြောလိုက်တယ်။

"ကိုယ်အခုလာခဲ့မယ်" Lisa ပြောပြီးဖုန်းချလိုက်တယ်။

Lisa သူမတိုက်ခန်းကို ဆိုင်ကယ်စီးပြီးတန်းသွားလိုက်တယ်။ Lisa သူမတိုက်ခန်းကိုမြန်မြန်ရောက်ချင်နေတယ်။ ဒီအလုပ်တွေရော။ ဘဝအကြောင်းတွေရော။ အထူးသဖြင့် Jennie နဲ့ Kai အကြောင်းကိုမေ့ထားချင်နေတယ်။

THE HEIRESS AND THE BODYGUARD (JENLISA) (Translation)Where stories live. Discover now