Chapter 26

2K 183 6
                                    

Lisa's Pov

Jennie, Seulgi နဲ့အခြားလူတွေကို Lisa တွေခဲ့ရတာ တစ်ပတ်ကြာပြီဖြစ်တယ်။

Lisa စိတ်တွေအကုန်လုံးအလုပ်ထဲမှာပဲနှစ်ထားခဲ့တယ်။ Lisa မျက်လုံးတွေဆက်မဖွင့်နိုင်တော့တဲ့အချိန်ကျမှ အလုပ်က နားခဲ့တယ်။ ပြီးတော့ အဲ့ဒီအဖြစ်အပျက်ပြီးကတည်းက Lisa's အဖေအိမ်ကိုပဲ ပြန်ခဲ့တယ်။ အဖေက အခု မြောက်အမေရိကားကိုရောက်နေပြီး Lisa သူ့အိမ်မှာပဲ ရောက်နေတယ်ဆိုတာ သူမသိသေးဘူးဖြစ်တယ်။ Lisa ဒီလိုဖြစ် နေတာသူကြိုက်မှာမဟုတ်ဘူး။ ပြီးတော့သူမေးလိမ့်မယ်။ Lisa သူနဲ့မှမဟုတ်ဘူး ဘယ်သူနဲ့မှ ဒီအကြောင်းတွေကို မဆွေးနွေးချင်ဘူး။

Lisa လဲ Jennie ကိုမဆက်သွယ်သလို သူမလဲ Lisa ကိုမဆက်သွယ်ဘူးဖြစ်တယ်။

Lisa အားလုံးကိုပင်ပန်းနေပြီ။ Seulgi ပြောတာမှန်တယ်။ သူနဲ့စကားပြောပြီးတဲ့နောက် Lisa ဘဝကို သေချာပြန်စဉ်းစား ဖို့လိုအပ်တယ်။

Lisa သက်ပြင်းချလိုက်ပြီး ထိုင်ခုံနောက်မှီကိုမှီလိုက်တယ်။

Jennie! သူမ.. သူမကထိုက်တန်ပါတယ်။ Jennie အတွက်ဆို Lisa ခံစားနေရသမျှနာကျင်မှုတွေက ထိုက်တန်ပါတယ်။ ဒါပေမယ့် ကိုယ့်ကိုမချစ်တဲ့လူတစ်ယောက်ကို အရူးအမူးစွဲလန်းနေပြီး ဘဝတစ်ခုလုံးရှုတ်ရှပ်ခပ်နေတာကတော့ Lisa အတွက်မထိုက်တန်ဘူး။

Lisa ဘဝမှာလိုချင်တာအကုန်ရခဲ့တာကြီးပဲ။ ကိုယ်ပိုင်ကုမ္ပဏီတစ်ခု၊ ပိုက်ဆံ၊ မိန်းမ အကုန်ရခဲ့တာ။ Lisa အကုန် ရအောင် ယူနိုင်တယ်။ တစ်ခုပဲ Lisa ဘဝမှာ အရချင်ဆုံးတစ်ခုတော့ မရခဲ့ဘူး။

ငါကသနားစရာကောင်းနေပြီလား။

ဖုန်းမြည်လာတော့ ဖုန်းscreen ကိုကြည့်လိုက်တယ်။ သူမခေါ်လိမ့်မယ်လို့ Lisa တွေးမထားမိဘူး။

"Good afternoon, Mrs. Kim" Lisa နှုတ်ဆက်လိုက်တယ်။

"Good afternoon sweetie မင်းဘာတွေလုပ်နေလဲ" သူမမေးလိုက်တယ်။

အန်တီသမီးကြောင့် ရှုပ်ထွေးနေတဲ့ဘဝမှာနေနေတယ်။

"ဒီလိုပါပဲ။ အဖေဒီအေဂျင်စီကိုလွှဲပေးသွားထဲက ကျွန်တော်ကုမ္ပဏီကိုဆက်ဉီးဆောင်နေရလို့ပါ" Lisa ရယ်ရင်းပြော လိုက်တယ်။

THE HEIRESS AND THE BODYGUARD (JENLISA) (Translation)Where stories live. Discover now