Chapter 17

1.6K 171 13
                                    

Jennie's Pov

Lisa ထိုင်းကိုသွားတာ တစ်ပတ်ကျော်ပြီးဖြစ်ပြီး ကျွန်မသူ့ကိုလွမ်းနေခဲ့တယ်။ ကျွန်မနဲ့သူသိလာတာနှစ်တွေကြာပြီ ဖြစ်ပြီး အဲ့ဒီနှစ်တွေမှာ သူနဲ့ကျွန်မအကြာကြီးခွဲဖူးတာဆိုလို့ ၂ရက်ပဲရှိတယ်။

Kai ရှိနေတော့ ကျွန်မအတွက်အပျင်းပြေမယ်ထင်ခဲ့ပေမယ့် အဲ့ဒါကမဟုတ်ခဲ့ဘူး။ အဲ့ဒီအချက်ကို ကျွန်မသူငယ်ချင်းတွေ က သက်သေပြခဲ့ကြတယ်။ ကျွန်မ Lisa မရှိတဲ့ရက်တွေမှာ တစ်ခုခုကိုစိတ်မကြည်ပဲဖြစ်နေပြီး ခပ်ဆိုးဆိုးပုံစံဖြစ်နေခဲ့ တယ်။ ဘာမဟုတ်တဲ့အကြောင်းအရာလေးတွေအပေါ်မှာတောင် ကျွန်မစိတ်မကြည်ပဲဖြစ်နေခဲ့တယ်။ ကျွန်မက အချိန်မရွေး ပေါက်ကွဲနိုင်တဲ့ဗုံးတစ်လုံးနဲ့တူနေပြီး အဲ့ဒါကိုမထိန်းချုပ်နိုင်ဘူးဖြစ်နေတယ်။

ကျွန်မသူငယ်ချင်းတွေပြောတာကတော့ Lisa ထိုင်းကိုသွားတဲနေ့ကတည်းက ကျွန်မဒီလိုဖြစ်နေတာတဲ့။ ဒါပေမယ့် ကျွန်မကတော့ မဟုတ်ဘူးလို့ငြင်းတာပဲ။ ကျောင်းစာတွေနဲ့ ကျောင်းအလုပ်တွေများတာကြောင့် ကျွန်မဒီလိုဖြစ်နေတာ လို့ကျွန်မအကြောင်းပြချက်ပေးရတယ်။

ကျွန်မဒီလို mood တွေမကောင်းတာ Kai တောင်သတိထားမိတယ်ထင်တယ်။ အဲ့ဒါကြောင့် ဒီပိတ်ရက်မှာ သူနောက်ထပ် dinner date တစ်ခုလုပ်ဖို့ အချိန်ပေးခဲ့တယ်။

ကျွန်မဂျပန်အစားစာကြိုက်တာသူသိတော့ နာမည်ကြီးဂျပန်စားသောက်ဆိုင်တစ်ဆိုင်မှာ သူအော်ဒါတင်ခဲ့တယ်။

ပုံမှန်လိုပဲ သူနဲ့အချိန်တိုင်းအတူရှိနေရတာကို ကျွန်မသဘောကျတယ်။ ကျွန်မကျောင်းကိစ္စတွေ Lisa မရှိတာတွေ မေ့သွားခဲ့တယ်။

ကျွန်မတို့ dinner စားပြီးသွားကြတော့ Bam Bam ကိုကားအဆင်သင့်ပြင်ထားဖို့ ဖုန်းခေါ်လိုက်တယ်။

"ကိုယ်မင်းကိုအိမ်ပြန်လိုက်ပို့ဖို့ ဘာလို့ခွင့်မပြုတာလဲ hon" Kai မေးလိုက်တယ်။

"ကျွန်မလိုက်မပို့စေချင်တာမဟုတ်ဘူးလေ။ ရှင်လဲကျွန်မအဖေအကြောင်းသိရက်နဲ့။ သူကအရမ်းကာကွယ်ချင်တာလေ။ ကျွန်မက Lisa နဲ့မဟုတ်ရင် ဒါမှမဟုတ် သက်တော်စောင့်တစ်ယောက်မပါရင်ကို ဘယ်မှထွက်ခွင့်ပြုတာမဟုတ်ဘူး" ကျွန်မသူ့ကိုအကြောင်းပြချက်ပေးလိုက်တယ်။

THE HEIRESS AND THE BODYGUARD (JENLISA) (Translation)Where stories live. Discover now