Chapter 23

1.8K 161 9
                                    

Jennie's Pov

နေရောင်ခြည်နွေးနွေးလေး မျက်နှာကိုလာထိတော့ ကျွန်မနိုးလာခဲ့တယ်။ ကျွန်မမျက်လုံးတွေလေးလံနေတာကို ခံစားရပြီး ဖွင့်ဖို့ကိုမနည်းကြိုးစားနေရတယ်။ ပြီးတော့ မနေ့ညကအကြောင်းကို သတိရသွားတယ်။

အိုး ဟုတ်သားပဲ။ မနေ့ကကျွန်မအတော်လေးငိုထားခဲ့တာပဲ။

ကျွန်မငိုရတဲ့အကြောင်းရင်းကို ပြန်စဉ်းစားမိတော့ ကျွန်မနှလုံးသား လေးလံလာခဲ့တယ်။

အဲ့ဒီခြစ်ရာတွေသူ့ကျောပေါ်မြင်တုန်းက ကျွန်မသူ့ကိုဘာမှမပြောခဲ့ပဲ ဘာမှမတွေ့ချင်ယောင်ပဲဆောင်ခဲ့တယ်။ ကျွန်မ သူ့ကိုဘာအကြောင်းနဲ့မှမစွတ်ဆွဲချင်ဘူး။ ဘာလို့လဲဆို ကျွန်မသူပြန်ပြောမယ့်စကားကို ကြောက်နေမိတယ်။ သူကျွန်မ နဲ့မျက်နှာချင်းဆိုင်တည့်တည့်ကြည့်ပြီး ကျွန်မတို့နှစ်ယောက် relation ကိုတစ်ခုခုပြောမှာ ကြောက်နေတယ်။

Sex.

ဘယ်လိုပဲ ကျွန်မတို့အကြာကြီးတွဲခဲ့တယ်ပြောပြော။ ဘယ်လိုပဲ ကျွန်မဘဝတစ်လျှောက်လုံးသူနဲ့ဖြတ်သန်းချင်တာ သေချာတယ်ပြောပြော။ ကျွန်မတို့ relation ကိုနောက်တစ်ဆင့်တက်ဖို့အတွက် အချိန်တစ်ခုကိုစောင့်ချင်တယ်။ အဲ့ဒီ အချိန်ကလဲ ကျွန်မတို့လက်ထပ်ပြီးမှဖြစ်လိမ့်မယ်။

သူကျွန်မတို့နောက်တစ်ဆင့်တက်ကြဖို့ ပြောခဲ့ပေမယ့်လည်း ကျွန်မကိုခေတ်နောက်ကျတယ်ပဲပြောပြော sex ဆိုတဲ့အရာက လက်ထပ်ပြီးမှဆက်ဆံကြတာကောင်းတယ်လို့ ခံယူထားတယ်။

အဲ့ဒါကြောင့် သူ့လိုအပ်ချက်တွေကို တစ်ခြားမိန်းမတွေဆီမှာ သွားရှာတာ ဒီအကြောင်းရင်းကြောင့်ဖြစ်မယ်လို့ ကျွန်မပြောရဲတယ်။ ကျွန်မက တုံးအပြီး ကန်းနေတဲ့သူမဟုတ်တော့ သူလုပ်သမျှအကုန်သိတယ်။ ကျွန်မသူ့ကို ပြောချင်နေတဲ့စကားတွေအများကြီးရှိနေပေမယ့်လဲ ကျွန်မမပြောခဲ့ဘူး။ သူ့ကိုပြောနေကြတဲ့စကားတွေကို သူ့ကိုမပြောသလို ကျွန်မမသိချင်ယောင်ပဲဆောင်ခဲ့တယ်။

ကျွန်မတွေးနေရင်းနာကျင်လာတော့ အိပ်ယာထဖို့ဆုံးဖြတ်လိုက်တယ်။ ပြီးတော့ နောက်ထပ်ဘာမှထပ်မတွေးမိအောင် ပစ္စည်းတွေသိမ်းဖို့လုပ်လိုက်တယ်။

THE HEIRESS AND THE BODYGUARD (JENLISA) (Translation)Where stories live. Discover now