Chapter 10

1.7K 170 5
                                    

Lisa's Pov

Lisa သေနတ်ထုတ်မသုံးသင့်မှန်းသိတယ်။ မထုတ်ချင်ဘူးဆိုတာက Jennie ရှေ့မှာမို့ဖြစ်ပြီး မထုတ်လို့မရတဲ့ အခြေအနေလဲ ဖြစ်နေတယ်။ သူမရှေ့မှာ ဉီးနှောက်ပွင့်သွားတဲ့လူတစ်ယောက်ကိုမြင်လိုက်ရပြီး စိတ်ဒဏ်ရာရသွားမှာ Lisa မလိုလားဘူး။

အဲ့ဒါကြောင့် Lisa သေနတ်ထုတ်ရမယ့်အစား အိတ်ဆောင်ဓားကိုထုတ်လိုက်ပြီး အဲ့ဒီလူရဲ့ ဓားကိုင်ထားတဲ့လက်ကို ပစ်ပေါက်လိုက်တယ်။

အဲ့ဒီလူလက်ထဲကဓားပြုတ်ကျသွားပြီး နောက်လှည့်ပြေးမယ်အလုပ်မှာ Lisa သူ့ဒူးကိုကန်လိုက်တော့ အဲ့ဒီလူဒူးထောက် ရက်ကျသွားတယ်။ Lisa သူ့လည်ဂုတ်ကနေဆုတ်ကိုင်လိုက်ပြီး လက်နောက်ပစ်ကိုင်လိုက်ပြီး မြေကြီးပေါ်ဖိထားလိုက် တယ်။

"Argh!" အဲ့ဒီလူအော်ဟစ်လိုက်တယ်။

ဒီအဖြစ်အပျက်က ဧည့်သည်တွေများတဲ့နေရာမှာဖြစ်သွာတာဖြစ်တယ်။ သူတို့ရဲ့တိုးတိုးပြောသံတွေ ရေရွတ်သံတွေက Lisa နားထဲမှာ ပျားတွေအော်ဟစ်နေကြသလိုပဲ။ Lisa သူ့လူတွေကိုကြည့်ရှုရင်း Jennie ကိုကြည့်နေရင်းကမှ ဒီလိုဖြစ်သွားခဲ့တဲ့အတွက် ထူပူသွားပြီးအသည်းအသန်ဖြစ်သွားတယ်။

Damn it! Lisa! မင်းဉီးနှောက်တွေဘယ်ရောက်သွားတာလဲ။

"Lisa! ဘာတွေဖြစ်သွားတာလဲ" Mr.Kim မေးလိုက်သံကိုကြားလိုက်ရတယ်။ Lisa နောက်လှည့်ကြည့်လိုက်တော့ သူတို့နဲ့ မီတာအနည်းငယ်မှာရပ်နေတဲ့ Mr.Kim ကိုတွေ့လိုက်ရတယ်။ ပြီးတော့ Jennie ဘက်ကိုပြေးသွားလိုက်ပြီး သူ့သမီးကို ဖက်လိုက်တယ်။

Lisa သူမကိုကြည့်လိုက်တော့ ရင်တစ်ခုလုံးနာကျင်သွားရတယ်။ Jennie အဲ့ဒီနေရာမှာရပ်နေတာကိုတွေ့ရပြီး သူမမျက်ဝန်းမှာမျက်ရည်စတွေကိုတွေ့ရပြီး အဲ့ဒီလူကိုကြည့်လိုက် Lisa ကိုကြည့်လိုက် အဲ့ဒီလူကိုထိသွားတဲ့ဓားကို ကြည့်လိုက်နဲ့ တစ်လှည့်စီကြည့်နေတာကိုတွေ့ရတယ်။

"အဲ့ဒီလူက သူ့အိတ်ထဲကဖွက်ထားတဲ့ဓားနဲ့ Ms.Kim ကိုထိုးဖို့ကြိုးစားနေလို့ပါ Sir" Lisa အခြေအနေကိုရှင်းပြလိုက် တယ်။

ဘာတွေဖြစ်ပျက်သွာတာလဲဆိုတာ ဖြေရှင်းချက်ကိုကြားလိုက်ရပြီးတဲ့နောက် Mrs.Kim နဲ့ Jennie ထိတ်လန့်သွားတာကို တွေ့လိုက်ရပြီး သူတို့မျက်ရည်တွေကျလာကြတာကိုတွေ့လိုက်ရတယ်။ သူမတုန်လှုပ်နေပြီး မျက်ရည်ကျနေတာကို တွေ့လိုက်ရတော့ သူမကိုပွေ့ဖက်ပြီး အကုန်အဆင်ပြေသွားပြီးဆိုတဲ့အကြောင်း Lisa ပြောပြလိုက်ချင်မိတယ်။

THE HEIRESS AND THE BODYGUARD (JENLISA) (Translation)Where stories live. Discover now