အပိုင်း တစ်

23.5K 1.6K 241
                                    

အပိုင်း တစ်

Unicode Version

“The World is imperfect”

စပီကာအသီးသီးဆီက ထွက်ကျလာသည့် အသံနဲ့အတူ ခန်းမကြီးတစ်ခုလုံးဟာ အမှောင်ကျသွားခဲ့သည်။ မှိတ်တုတ် မှိတ်တုတ် မီးရောင်စုံတို့အောက်မှာ ဒိတ်ဒိတ်ကျဲ ရှိုးပွဲကြီးက အသက်ဝင်လာခဲ့‌လေပြီ။

“မော်ဒယ်လ် ချယ်ယူရင်း စင်ပေါ်တက်ဖို့ အဆင်သင့်ပြင်ထားပေးလို့ရပါပြီ”

ပြင်ဆင်ခြယ်သနေသည့် အခန်းထဲကို စာရွက်တွေကိုင်ထားသည့် ဝန်ထမ်းကောင်လေး ရောက်လာကာ Runway လျှောက်ရတော့မည့် မော်ဒယ်လ်များရဲ့ နာမည်ကို အားကြိုးမာန်တက်ပင် အစဉ်လိုက်ခေါ်ဆိုလို့နေသည်။

ပြိုးပြိုးပျက်ပျက် ဝတ်စုံများနှင့် လှချင်တိုင်း လှနေကြတဲ့ မော်ဒယ်တို့က သက်ဆိုင်ရာ မိတ်ကပ်ဆရာ အသီးသီးရဲ့ ပြင်ဆင်မှုအောက် နေသားတကျ။ မြင်ရသူတိုင်းအတွက်တော့ ဒီလိုနေရာမျိုးက နိဗ္ဗာန်ဘုံပဲ။

ဘယ်နားကြည့်လိုက် ကြည့်လိုက် ရုပ်ရည်ရူပကာအားဖြင့် ပြစ်ချက်ရှာမရနိုင်သည့် မျက်စိမလွှဲချင်စရာ အလှအပလေးတွေချည်း။

“ဝန်ထမ်းအသစ်ထင်တယ်”

“အာ ဟုတ်ပါတယ်။ နာမည်က ဂျွန်ဂျောင်ကုလို့ ခေါ်ပါတယ်။ ရှေ့လျှောက် အကူအညီတောင်းပါတယ်‌ဗျ”

တချို့က အသိအမှတ်ပြုသည့်အနေနဲ့ ခေါင်းငြိမ့်ပြုံးပြကြပေမဲ့ တချို့က အဖက်ပင်မလုပ်။ ဒီ့အတွက် ဘာမှတော့ ထွေထူးပြီး မခံစားရတော့ပါဘူး။ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတွေပဲလေ။

မျက်စိရှေ့တင် တစ်ယောက်ပြီး တစ်ယောက် ကြွကြွရွရွလေး စင်‌မြင့်ပေါ် တက်သွားကြတဲ့ ချောပေ့လှပေ့ဆိုသည့် မော်ဒယ်လေးများကို ဝန်ထမ်းအသစ်လေးက မျက်တောင်မခတ်တမ်း လိုက်ငေးကြည့်မိတာလည်း အမှန်။ လှတာကိုး။

“‌နောက်တစ်ယောက်က…မော်ဒယ်လ် ပတ်ဂျီမင်း”

အတန်ကြာသည်အထိ မထွက်လာသည့် မော်ဒယ်လ်ပတ်ဂျီမင်းကြောင့် ဝန်ထမ်းလေးက နားမလည်သည့် မျက်လုံးဝိုင်းများဖြင့် အခန်းထဲကို ဝေ့ဝဲရှာကြည့်လိုက်မိသည်။

ချစ်ကြိုးWhere stories live. Discover now