အပိုင်း ရှစ်
Unicode Version
“ဂျီမင်း မလုပ်နဲ့”
သူ့ဘက်က ခြေတစ်လှမ်းတိုးလာတိုင်း မောင်က နောက်ကို တစ်လှမ်းဆုတ်သွားခဲ့သည်။ သေချာပြန်ကြည့်မိတော့မှ သူ့ကို တားမြစ်နေသည့် မောင့်လက်တွေက တုန်ရီနေတာပါလား။
ဘာလို့လဲ မောင်။ သူ့ကို ကြောက်လို့လား။ မောင်က သူ့ကို ကြောက်နေတာလား။ ဘာ့ကြောင့်မှန်းမသိ မောင်က ဒီလို ကြောက်ပြနေတော့ ကိုယ် ဘယ်စိတ်ကောင်းပါ့မလဲမောင်ရယ်။ ကိုယ်က မောင့်ကို သိပ်ချစ်တာလေ။
“မောင်”
နံရံကပ်သွားသည့်မောင်က ကြမ်းပြင်ပေါ် ထိုင်ချလိုက်ရင်း လက်နှစ်ဖက်နဲ့ ဘာကို ကာမှန်းမသိ ကာလိုက်တာမို့ သူအံ့ဩသွားခဲ့ရသည်။ ထိုအခါမှ လေထဲမှာ မြောက်တက်နေခဲ့သည့် သူ့လက်တစ်ဖက်ကို သတိပြုလိုက်မိသည်။
ထိုလက်ထဲမှာ ကိုင်ထားတာက ချွန်မြမြ ဓားလက်လက်တစ်ချောင်း။ သူ ကြောက်လန့်တကြီးဆိုသလို လက်ထဲကဓားကို လွှတ်ချလိုက်မိသည်။ သူ မောင့်ကို သတ်ဖို့ ကြိုးစားနေမိတာလား။ အဲ့ဒါကြောင့် မောင်က သူ့ကို ကြောက်နေခဲ့တာလား။
“မောင်…ကိုယ် မဟုတ်…”
မောင်က သူ့ကို စူးရဲနေသည့် မျက်လုံးဝိုင်းကြီးတွေနဲ့ စိုက်ကြည့်နေခဲ့တာ။ အဲ့လို မကြည့်စမ်းနဲ့။ ကိုယ် အဲ့လိုအကြည့်တွေကို မကြိုက်တာ သိရက်သားနဲ့ ကိုယ့်ကို စိတ်ဆိုးအောင် မလုပ်ချင်စမ်းနဲ့ မောင်။
“ထပါဦး မောင်”
မချင့်မရဲ အပြုံးတစ်ပွင့်နဲ့အတူ ထိုင်နေသည့် မောင့်ကို ဆွဲထူလို့ လုပ်လိုက်ပေမဲ့ မောင်က သူ့ကို အရှိန်နဲ့ တွန်းပစ်လိုက်တာမို့ အနောက်ဘက်ကို တော်တော်လေး ယိုင်ကျသွားခဲ့သည်။ ပွက်ခနဲ ဆူတက်လာသည့် ဒေါသနဲ့အတူ အနီးဆုံးမှာရှိနေသည့် ဓားချွန်ကို ကျစ်ကျစ်ပါအောင် ပြန်ကောက်ယူလိုက်ပြီးနောက် မောင်ရှိရာကို ဦးတည်ရင်း.....။
“မောင်!”
သူ့အော်သံကြောင့် မောင်က ချက်ချင်းဆိုသလို သူ့အနား ရောက်လာခဲ့သည်။ တော်သေးလို့ သူ အိပ်မက်မက်နေခဲ့တာပဲ။ အိပ်မက် ဟုတ်တယ် ကြောက်စရာကောင်းတဲ့ အိပ်မက်တစ်ခုကို မက်ခဲ့တာ။
YOU ARE READING
ချစ်ကြိုး
Fanfictionအချစ်က အသိခက်တဲ့ ကဗျာလေးပဲ...။ Highest Ranking #1 in kookmin (11.12.22)