အပိုင်း ကိုး

5.3K 854 190
                                    

အပိုင်း ကိုး

Unicode Version


Mood Music - Set Myself On Fire by TaeYeon

“ဖေဖေ သမီး ဒီနေ့ ဘယ်သူနဲ့တွေ့ခဲ့လဲသိလား”

“ဘယ်သူများလဲ”

မိမိထိုင်နေသည့် မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လာသည့် သမီးဖြစ်သူရဲ့ မျက်နှာရိပ်မျက်နှာကဲကို အကဲခတ်ကြည့်မိတော့ အဆင်မပြေသည့်ဟန်။ သက်ပြင်းချကာ လက်ထဲကစာအုပ်ကို စားပွဲပေါ်တင်လိုက်ရင်း ဘာပြောလာမလဲဆိုတာကိုပဲ စောင့်နေလိုက်သည်။

“ပတ်ဂျီမင်းနဲ့...တွေ့ခဲ့တာ ဖေဖေ”

“ဂျီမင်းလား”

လက်ခနဲဖြစ်သွားတဲ့ ဖေဖေ့မျက်လုံးတွေကို မြင်လိုက်ပေမဲ့ ဆယ်ယွန်းက မသိချင်ယောင်ဆောင်ထားလိုက်သည်။

“အင်း”

“စကားပြောဖြစ်သေးလား”

ဒီမေးခွန်းကို ဖေဖေဟာ ဘယ်လိုအတွေးနဲ့များ မေးနိုင်ခဲ့တာပါလိမ့်။ အတန်ကြာသည်အထိ ဆယ်ယွန်းက ဘာမှပြန်မဖြေတော့ ဖခင်ဖြစ်သူလည်း သဘောပေါက်သွားတော့သည်။

“ဖေဖေ တောင်းပန်ပါတယ်”

“မလိုပါဘူး။ ဖေဖေ သူ့ကိုဘယ်လောက်မျှော်နေလဲ သမီးသိပါတယ်”

ကွက်ခနဲပျက်သွားသော ဖေဖေ့မျက်နှာဆီက အကြည့်လွှဲလိုက်ရင်း ကြမ်းပြင်ကိုသာ ခေတ္တ စိုက်ကြည့်နေခဲ့မိသည်။

“သမီးမှာ သဘောကျရတဲ့သူရှိနေပြီ ဖေဖေ”

“ဘယ်လို...”

ဖခင်ဖြစ်သူရဲ့မျက်နှာဟာ ဒီတစ်ညအတွင်းမှာပဲ ခံစားချက်‌ပေါင်းစုံကြောင့် အမျိုးစုံအောင် ပြောင်းလဲနေခဲ့ရတော့သည်။

“ကုမ္ပဏီမှာ သမီးနဲ့ အလုပ်အတူတွဲလုပ်နေတဲ့ ဒါရိုက်တာဂျောင်ကုကို သမီး သဘောကျတယ်”

ဆယ်ယွန်းရဲ့ မျက်နှာက ပထမတုန်းကလိုမဟုတ်တော့ဘဲ သည်တစ်ကြိမ်မှာတော့ မနေတတ်တာကြောင့် ခပ်ရဲရဲ။ ဖခင်အရင်းရှေ့မှာ အမျိုးသားတစ်ဦးကို သဘောကျနေမိကြောင်း ဝန်ခံဖို့က လွယ်တဲ့အရာမဟုတ်ပေမဲ့ ဒါက သူ(မ)နဲ့ ဖေဖေ့ရဲ့ကြားက ပွင့်လင်းပြီး နားလည်ပေးနိုင်မှုကို ယုံကြည်ထားတာကြောင့်မို့ပင်။

ချစ်ကြိုးDonde viven las historias. Descúbrelo ahora