အပိုင်း (၁၈)
Unicode Version
လွန်ခဲ့သည့် လေးနှစ်ကျော်ခန့်-ဖြန်း!
“ဂျီမင်း! ဆယ်ယွန်း!”
ပြင်းပြင်းထန်ထန် ရိုက်ချက်ကြောင့် ကြမ်းပြင်ပေါ် ပုံခနဲလဲကျသွားသည့် ခန္ဓာကိုယ်ကို ဖေဖေက အပြေးသွားထူသည်။ ရှိုးပွဲအတွက် အလှပဆုံး ပြင်ဆင်ဝတ်ဆင်ထားသည့် ဂျီမင်းဟာ ထိုလူနှစ်ဦးရဲ့ ရှေ့တည့်တည့်မှာ ရပ်လို့နေပြီး မေးကြောတွေဟာလည်း တင်းမာလို့နေသည်။
“သား မင်း ဘယ်လိုလုပ်တာလဲ!”
“ရိုက်လိုက်တာလေ”
ဖခင်ဖြစ်သူကို မချေမငံတွေ ပြန်ပြောနေပေမဲ့ ဂျီမင်းရဲ့အသံတွေက ဒေါသကြောင့် အလောကြီးနေတာမျိုးမရှိ။ တိတိရိရိဖြင့် ပြတ်သားသည်။
မျက်လွှာကို အပေါ်စီးကနေ မှေးစင်းပြီး ကြည့်နေပုံက ဆယ်ယွန်းအတွက်တော့ အသည်းစုတ်ချင်စရာကောင်းလွန်းသည်။ သတင်းတွေရေးကြသလို ပတ်ဂျီမင်းရဲ့ မောက်မာမှုတွေက ဘယ်သူမှ လိုက်မမှီနိုင်တဲ့အထိ။
“နောက်တစ်ခါ ငါ့အမေနဲ့ ပတ်သတ်တဲ့ ဓာတ်ပုံမပြောနဲ့၊ မြူမှုန်လေးတစ်မှုန်ကိုတောင် မင်းလက်နဲ့ထိဖို့ မကြံနဲ့ ပတ်ဆယ်ယွန်း”
“ဂျီမင်း!”
“အသက်ကိုတောင် သေစေခဲ့ပြီးမှ ဘာကို လွမ်းဆွတ်တမ်းတပြနေရတာလဲ။ သေသွားတာ စောနေလို့လား၊ ဒုက္ခပေးရတာ မဝလိုက်လို့လား ဟင်”
ဖခင်ဖြစ်သူကို စူးစိုက်ကြည့်ရင်း မေးခွန်းထုတ်လိုက်သည့်အခါ ဘာမှပြန်မဖြေလာဘဲ အပြစ်ရှိသူပီပီ ခေါင်းငုံ့သွားခဲ့သည်။ ဒီအပြစ်ကို မေမေ့သားဖြစ်တဲ့ ပတ်ဂျီမင်းက သေတဲ့အထိ ခွင့်လွှတ်ပေးမှာမဟုတ်ဘူး။
တိုက်ခန်းလေးထဲ ချက်ချင်း ဆူညံသွားခဲ့သည်။ ပတ်ဂျီမင်းဟာ တစ်အိမ်လုံးကို မြေလှန်ရှာရင်း ရှိရှိသမျှသော သူတို့သားအမိ၏ ဓာတ်ပုံများ၊ အမှတ်တရများကို အစအနပင် မချန်ချင်တာမို့ အကုန် ဆွဲထုတ်ယူပစ်ခဲ့သည်။
YOU ARE READING
ချစ်ကြိုး
Fanfictionအချစ်က အသိခက်တဲ့ ကဗျာလေးပဲ...။ Highest Ranking #1 in kookmin (11.12.22)