အပိုင်း (၂၄)
Unicode Version
“ဂျီမင်းဆီ မောင် ခုပဲ လာတော့...”
စကားပင် မဆုံးခင် မောင့်တစ်ကိုယ်လုံးက သူ့ကိုယ်ပေါ် ပြိုကျလာတာမို့ ဖမ်းထိန်းပေးလိုက်ရသည်။ မောင်ကတော့ ဂျီမင်းရဲ့ ပခုံးပေါ်မှာ စိတ်အေးလက်အေး အိပ်ပျော်သွားခဲ့သည်။
“ရောက်လာပြီလား”
ဆယ်ယွန်းက ဟန်ပိုစွာပင် လက်ပိုက်လိုက်ရင်း မေးလာတာမို့ ဂျီမင်းရဲ့ မျက်ဝန်းအိမ်တွေ ကျဉ်းမြောင်းသွားရသည်။ ပတ်ဂျီမင်းရဲ့ နူးညံ့တယ်၊ ပန်းပွင့်လိုမျိုး ဖြစ်တည်တယ်ဆိုတာ မောင့်တစ်ယောက်တည်းအတွက်ပဲ သီးသန့်နော်။
ဒါကို ပတ်ဆယ်ယွန်းက အခုထိ သဘောမပေါက်ပုံပဲ။
“ဘာလို့ နည်းနည်းလောက်နောက်ကျပြီးမှ ရောက်မလာတာလဲ။ နှမြောစရာကြီး”
“တကယ်ကို အမေ့သွေးအပြည့်ပါတာပဲနော်”
မောင့်ကို အနားက ဆိုဖာပေါ် အလျင်းသင့်သလို တင်ပေးလိုက်ရင်း ဂျီမင်းကဆိုတော့ ဆယ်ယွန်းရဲ့ အကြည့်စူးစူးတွေကို ပြန်ရလိုက်သည်။ ဂျီမင်းကပါ ဆယ်ယွန်းနည်းတူ လက်ပိုက်ရပ်လိုက်တော့ နှစ်ယောက်ဟာ ကြေးမုံရိပ်မှာ ထင်နေသကဲ့သို့။
“အဲ့လောက်တောင် သဘောကျလား”
မောင့်ကို တစ်ချက် မေးငေါ့ပြကာ မေးလိုက်တော့ ဆယ်ယွန်းနှုတ်ခမ်းတွေက မဲ့ခနဲ။
“သိပ်လိုချင်လား။ ငမ်းငမ်းတက်ဖြစ်ရတဲ့အထိလေ”
ဒေါသရောင်လက်နေသည့် ဆယ်ယွန်းရဲ့မျက်ဝန်းတွေကို မြင်ရတာ ဂျီမင်းအား တစ်မျိုးတဖုံ စိတ်ကျေနပ်သွားစေသည်။ တစ်အိမ်တည်းမှာ ရှိနေပြီး လောကအပြင်ဘက်ရောက်နေသည့် ဒါရိုက်တာဂျောင်ကုကတော့ အကြည့်တွေ၊ စကားတွေ စစ်ခင်းနေသည့် လူနှစ်ယောက်ကြား ဘာမှမသိဘဲ တဆုံးအိပ်ပျော်လျက်ရှိသည်။
တစ်ချက် တစ်ချက် အိပ်နေရာမှ ဂျီမင်းနာမည်ကို ထထယောင်တတ်တာကလွဲပြီး အပြင်မှာ ဖြစ်ပျက်နေတာတွေအကုန် မောင် ဘာမှသိမနေခဲ့။
YOU ARE READING
ချစ်ကြိုး
Fanfictionအချစ်က အသိခက်တဲ့ ကဗျာလေးပဲ...။ Highest Ranking #1 in kookmin (11.12.22)