အပိုင်း (၂၀)
Unicode Version
ကားအသွားအလာရှင်းလင်းနေသည့် လမ်းမဘေးတစ်နေရာ။ အန်ဂျလာသည် ကားပြတင်းပေါက်ပေါ် လက်တင်ထားရင်း ဆေးလိပ်တစ်လိပ်ကို ခဲလျက်ရှိသည်။ကားပြတင်းပေါက်ကနေ အပြင်ထုတ်ထားသည့် လက်ထဲရှိ ဆေးလိပ်မီးဟာ ညမီးရောင်အောက်မှာတောင် ခပ်ရဲရဲရှိသည်။ ၎င်းဆေးလိပ်အား ပြာတစ်ချက်ခြွေပြီးနောက် နှုတ်ခမ်းမှာ ပြန်တေ့လိုက်သည်။
လှုပ်ရှားမှုမရှိသည့် တစ်ဖက်ထိုင်ခုံကလူဟာတော့ မျက်လုံးသေများဖြင့် ကားပြတင်းကို ခေါင်းမှီထားရင်း တဆုံး တိတ်ဆိတ်နေခဲ့သည်။ မခြောက်သေးသည့် မျက်ရည်စတွေက ပါးပြင်ပေါ်မှာ ဟိုတစ သည်တစ။
"ကွာရှင်းလိုက်"
ဆေးလိပ်တစ်လိပ်ကုန်သွားသည့်အခါ အန်ဂျလာ့ဆီက ပထမဆုံး အသံထွက်လာသည်။
"ဂျွန်ဂျောင်ကုကို ကွာရှင်းလိုက်"
မည်သို့သော တုံ့ပြန်သံမှ ပြန်မကြားရ။ ပတ်ဂျီမင်းရဲ့ ထိုကဲ့သို့သော အပြုအမူတွေကို အားမလို၊အားမရဖြစ်လွန်းလို့ သူ(မ)ရင်ထဲမှာ တကယ်ကို တအုံ့နွေးနွေးပဲ။
ပတ်ဂျီမင်းဆိုတာ ဘယ်လိုလူမျိုးလဲ။ ဟိုးအရင် အထက်တန်းအရွယ်ကတည်းက ဒီမော်ဒယ်လောကထဲ ခြေချကြတဲ့အထိအောင် သူပြိုင် ကိုယ်ပြိုင်၊ တစ်ယောက်ကိုတစ်ယောက် အလျှော့မပေးခဲ့ကြတဲ့ ဆက်ဆံရေးမျိုး။
တည့်လားမေးရင် ဘယ်တုန်းကမှ မတည့်ခဲ့ပါဘူး။ ပတ်ဂျီမင်းက သိပ်မုန်းစရာကောင်းခဲ့တာ။ မိန်းကလေးတစ်ယောက်နဲ့တောင် အပြိုင်လှနိုင်တဲ့သူမျိုးက အန်ဂျလာ့အတွက် သိပ်မုန်းစရာကောင်းခဲ့တာပေါ့။
နောက်ထပ်သော ဆေးလိပ်တစ်လိပ်ကို ဘူးထဲက ဆွဲထုတ်ယူကာ မီးညှိလိုက်သည်။ အာရုံတွေ တကယ်ကို ထွေပြားရလွန်းတယ်။ ပတ်ဂျီမင်းယောက်ျားနဲ့ ပတ်ဆယ်ယွန်းတို့ကို နေရာမှာတင် ရိုက်သတ်လို့ရရင် ရိုက်သတ်ခဲ့ပါတယ်။
VOCÊ ESTÁ LENDO
ချစ်ကြိုး
Fanficအချစ်က အသိခက်တဲ့ ကဗျာလေးပဲ...။ Highest Ranking #1 in kookmin (11.12.22)