အပိုင်း (၁၄)
Unicode Version
မဖတ်ခင် ကြိုအသိပေးချင်တာက It's just character and plot ပါ။ ကိုယ်က စာရေးပျော်မို့ ပျော်စရာတွေလည်း ရေးမှာဖြစ်သလို၊ ငိုစရာလေးတွေလည်း ရေးမှာပါ။ပြီးတော့ ကောမန့်တွေထဲမှာ အဖြေတွေရှိပါတယ်။ ကိုယ်တွေးထားသလို လိုက်တွေးနိုင်ပြီး အမှီလိုက်နိုင်တဲ့ စာဖတ်သူတွေရှိသလို၊ ကိုယ့်ထက်တောင် စဉ်းစားတတ်နေတာတွေလည်း တွေ့ရပါတယ်။ ဒါကြောင့် စိတ်လေးတွေလျှော့ပြီး တူတူလိုက်ပါကြရအောင်ပါ နော်။
______________________________________
“ကိုကို”
“ဖယ်စမ်း!”
“သား!”
အသံသုံးသံက တစ်ပြိုင်တည်းဆိုသလို ထွက်လာခဲ့သည်။ အပြေးကလေး တွဲဖို့ပြင်လိုက်သည့် လက်တစ်စုံဟာ ပုတ်ချခံလိုက်ရသည့်အပြင် လူကိုပါ အရှိန်နဲ့ ဆောင့်တွန်းခံလိုက်ရတာမို့ အရွယ်ခပ်ငယ်ငယ် ကလေးမလေးခမျာ အတော်ဝေးဝေးကို လွင့်ထွက်သွားခဲ့ရသည်။
မေမေ ကားအက်စီးဒင့်ဖြစ်ခဲ့တယ်တဲ့။ အခု မေမေဟာ သူ့အရှေ့က ကုတင်ပေါ်မှာတဲ့။ ဒါပေမဲ့ ဘယ်မှာလဲ... မေမေ ဘယ်မှာလဲ။ ရှိနေတယ်ပြောပေမဲ့လည်း သူမှ မေမေ့ကိုမမြင်ရတာ။
"သား ဂျီမင်း..."
ဖေဖေ့ခေါ်သံကိုလည်း နားထဲမကြားခဲ့။ ဘယ်အချိန်ကတည်းက မျက်လုံးထဲမှာ ရစ်ဝဲနေခဲ့မှန်းမသိသည့် မျက်ရည်တွေက တင်းခံထားမှုကြောင့် တော်တော်နဲ့ စီးကျမလာဘဲ မျက်သားတွေပင် ရဲတက်နေခဲ့လေပြီ။
“မေမေ”
ပိတ်ဖြူလွှားထားသော ရုပ်အလောင်းတစ်ခုဆီကို မြောက်များစွာသော ခဲတို့ ဆွဲထားသကဲ့သို့ လေးလံနေသည့် ခြေထောက်အစုံနဲ့အတူ တစ်လှမ်းချင်း အားယူကာ လျှောက်ခဲ့သည်။ သို့သော် ကုတင်ဆီ မရောက်လိုက်ခင်မှာပဲ တစ်ယောက်ယောက်က ဒူးခေါက်ကွေးတွေကို ရိုက်ချိုးလိုက်သလို ညွှတ်ကျသွားခဲ့ပြီး ကြမ်းပြင်ပေါ် အပုံလိုက် လဲပြိုခဲ့တော့သည်။
YOU ARE READING
ချစ်ကြိုး
Fanfictionအချစ်က အသိခက်တဲ့ ကဗျာလေးပဲ...။ Highest Ranking #1 in kookmin (11.12.22)