အပိုင်း နှစ်ဆယ့်ကိုး

8.7K 1K 360
                                    

အပိုင်း - ၂၉

Unicode Version

ကျယ်ကျယ်လောင်လောင် ထမြည်လာတဲ့ ဖုန်းသံကြောင့် ထုတ်ကြည့်လိုက်တော့ ဒါရိုက်တာဂျောင်ကုဆီက။ ဆယ်ယွန်းသည် ဟန်မ‌ဆောင်နိုင်စွာပင် ဖုန်းကို ချက်ချင်းကိုင်လိုက်သည်။

“ဆယ်ယွန်းရှီးကို ကိုယ် တစ်ခုလောက် အကူအညီတောင်းမလို့”

“ဟုတ်ကဲ့ ပြောပါ ဒါရိုက်တာ”

“မနက်ဖြန်ညကျရင် ဆယ်ယွန်းဆီမှာ သိမ်းထားတဲ့ ကွာရှင်းစာချုပ်ကို ကိုယ်တို့ဆီ လာပို့ပေးနိုင်မလား”

“ဒါရိုက်တာတို့ ကွာရှင်းကြတော့မှာလား”

ဖုန်းထဲကနေ ရယ်သံတစ်ခု ကြားလိုက်ရသည်။ ဘာက ဒါရိုက်တာ့အတွက် ရယ်စရာကောင်းနေလဲဆိုတာ ဆယ်ယွန်းက စဉ်းစားမရ။

“ဟုတ်တယ်”

အပူတွေကြားရောက်နေတာတောင် အကုန်လုံးကို မေ့သွားရသည်။ နောက်ဆုံးတော့ သူတို့ ကွာရှင်းကြတော့မယ်။ ဒီလိုဆို ဆယ်ယွန်းကလည်း အသိသက်သေနေရာက ဖြစ်မှာပေါ့။

“ဆယ်ယွန်း လာခဲ့ပါမယ်”

“ကောင်းပါပြီ။ ဒါဆို ကိုယ် လိပ်စာလှမ်းပို့ထားလိုက်ပါ့မယ်”

“ဟုတ်ကဲ့”

မနက်ဖြန်ရောက်တော့ ပို့ပေးလာသည့် လိပ်စာအတိုင်း ဆယ်ယွန်းက ကားလေး မောင်းထွက်ခဲ့သည်။ တစ်ဖက်ထိုင်ခုံပေါ်မှာ တင်ထားသည့် စာချုပ်လေးကိုလည်း မကြာခဏဆိုသလို လှမ်းကြည့်နေမိသည်။

“ဒီနေရာပဲ”

ဟိုတယ်ကြီးရဲ့ အထပ်မြင့်ဆီက စားသောက်ဆိုင်ရှိရာကို တက်ခဲ့သည်။

“ပတ်ဆယ်ယွန်းပါလား”

“ဟုတ်ပါတယ်”

“ဒီဘက်ကိုကြွပါ”

ဝန်ထမ်းလေးကို ခေါင်းငြိမ့်ပြုံးပြလိုက်ရင်း ၎င်းရဲ့ လမ်းညွှန်မှုအတိုင်း တံခါးရှိရာကို လျှောက်လာခဲ့သည်။ တံခါးမဖွင့်ခင် အရင်ဆုံး အသက်ကိုဝအောင် ရှူလိုက်ရင်း တံခါးလက်ကိုင်ကို ခပ်ဟဟ ဆွဲကိုင်လိုက်ချိန် ရယ်သံတွေ သူ(မ)နားထဲ ဝင်ရောက်လာခဲ့သည်။

ချစ်ကြိုးWhere stories live. Discover now