အပိုင်း နှစ်ဆယ့်သုံး

7K 1K 481
                                    

အပိုင်း (၂၃)

Unicode Version

“လတ်တလောကမှ ထွက်ရှိထားတဲ့ မော်ဒယ်ပတ်ဂျီမင်းရဲ့ မဂ္ဂဇင်းစာအုပ်တွေက မိနစ်ပိုင်းအတွင်းမှာပဲ ရောင်းထွက်ခဲ့ပါတယ်။ ဒါက လေးနှစ်ကြာပြီးနောက်မှာ အနုပညာလောကထဲ ပထမဆုံးအကြိမ် ပြန်ဝင်လာတာဖြစ်ပေမဲ့ မော်ဒယ်ပတ်ဂျီမင်းရဲ့ ပရိသတ်တွေက အခုထိ စောင့်မျှော်နေတုန်းဆိုတာ ထင်ရှားခဲ့ပါတယ်”

TV ကလာနေတဲ့ သတင်းတစ်ပုဒ်ကို တိတ်တဆိတ်ကြည့်နေမိကြသည်။ မိခင်ဟာ သက်ပြင်းခိုးချရင်း သတင်းဆုံးတော့ TVကို ပိတ်လိုက်တော့သည်။ ပြီးသည်နှင့် သားဖြစ်သူကို လှမ်းကြည့်လိုက်သည်။ ဂျီမင်းနဲ့တွေ့လာပြီးချိန်ကစလို့ ဂျောင်ကုက တလျှောက်လုံး ငူငူငိုင်ငိုင်ပါပဲ။

ဂျီမင်းကတော့ မူလစမှတ်ကို ပြန်သွားခဲ့ပြီထင်ပါတယ်။ အရင်ကအတိုင်း၊ အရင်တုန်းကအတိုင်း နှစ်ပေါင်းများစွာ သူ့ဘဝတစ်ခုလုံးကို မြှုပ်နှံထားခဲ့တဲ့ မော်ဒယ်လောကထဲကို ‌ပြန်ဝင်သွားခဲ့ပြီး အကုန်လုံးကို ပုံမှန်အတိုင်းပြန်ဖြစ်ဖို့ ကြိုးစားနေခဲ့ပြီထင်ပါတယ်။ စိတ်မကောင်းဖြစ်ရပေမဲ့လည်း ဂျီမင်းရဲ့ရွေးချယ်မှုကို တားခွင့်မရှိခဲ့ပါ။

“မေမေ သားကို စကားနည်းနည်းပြောလို့ရမလား”

ဂျောင်ကုက မျက်နှာကို လက်နဲ့ပွတ်လိုက်ရင်း မိခင်အား ခေါင်းငြိမ့်ပြသည်။

“သား ဂျီမင်းအပေါ်မှာ ဖောက်ပြန်ခဲ့ဖူးလား”

သားက ချက်ချင်း ခေါင်းယမ်းပြသည်။ ဒါဖြင့် ဂျီမင်းဘက်က အထင်လွဲတာလို့ ပြောရတော့မှာလား။ ဒီလိုသာဆို သားရဲ့ ဘယ်လိုလုပ်ရပ်မျိုးတွေက ဂျီမင်းကို ဒီလိုအတိုင်းအတာအထိ ရောက်သွားအောင် တွန်းပို့နေခဲ့လဲဆိုတာကို သား သိအောင် ပြန်စဉ်းစားခိုင်းသင့်ပြီ။

“မေမေ သား အရွယ်ရောက်လာတဲ့အချိန်တုန်းက ဒီလိုတွေးခဲ့တယ်။ မေမေ့သားလေး လူကောင်းတစ်ယောက်ယောက်နဲ့ တွေ့ပြီး အိမ်ထောင်ပြုသွားရင် သိပ်ကောင်းမှာပဲဆိုပြီးလေ”

ချစ်ကြိုးWhere stories live. Discover now