အပိုင်း နှစ်ဆယ့်ရှစ်

8.3K 1K 332
                                    

အပိုင်း - ၂၈

Unicode Version


“သား”

ခေါ်သံကြောင့် နှစ်ယောက်လုံး နောက်လှည့်ကြည့်လိုက်တော့ အခန်းလေးထဲ အူယားဖားယားပြေးဝင်လာသည့် မောင်မေမေ့ကို တွေ့လိုက်ရသည်။ မောင့်မေမေက ဆေးရုံကိုလာနေသည့် လမ်းတစ်လျှောက်လုံးလည်း ငိုလာပုံရပါသည်။ ပါးပေါ်မှာ မျက်ရည်စတွေနဲ့။

“ဘယ်လိုဖြစ်ရတာလဲ”

‌ဆေးရုံခန်းလေးထဲက ကုတင်ဖြူဖြူပေါ်မှာ အိပ်စက်နေသည့် သမီးဖြစ်သူကို ကြည့်ကာ မချိတင်ကဲလေသံဖြင့် မေးလာသည်။

“အကုန်လုံးကို နောက်မှ သားတို့ရှင်းပြပါ့မယ်။ လောလောဆယ် ညီမလေးအခြေအနေက စိတ်မချရသေးဘူးတဲ့”

“မေမေ့သမီးလေး”

ဆွန်းလေးရဲ့ လက်တစ်ဖက်ကိုဆွဲယူကာ မောင့်မေမေက တိတ်တဆိတ် မျက်ရည်ကျသည်။ ခါတိုင်း ရေပက်မဝင်အောင် စကားတွေပြောပြီး သူ့အနားမှာ ကပ်နေတတ်တဲ့ ကောင်မလေးကို ဒီလိုမျိုးမြင်ရတာ ဂျီမင်းအတွက် အဆင်မပြေလှပါ။

ဆရာဝန်က ပြောသွားတယ်။ စိတ်မချရတာမို့ သေချာစောင့်ကြည့်ရမယ်တဲ့။ ဒါကြောင့် မောင်ရော သူပါ ဆွန်းလေးအနားက တစ်ဖဝါးမှ မခွာရဲကြဘဲ အခုထိ အရိပ်တကြည့်ကြည့်ဖြစ်နေရသည်။

“သားတို့ ခဏလောက်ဖြစ်ဖြစ် နားရင် နားလိုက်ကြဦးလေ။ ဆွန်းလေးအနားမှာ မေမေ စောင့်နေပေးပါ့မယ်”

“မဟုတ်တာပဲ။ အဆင်ပြေပါတယ်”

ဂျီမင်းက ပြာပြာသလဲ ငြင်းလိုက်ရင်း ဆွန်းလေးကိုပဲ ကြည့်နေမိသည်။ မောင်နဲ့တူလွန်းတဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေကို ထပ်မြင်ချင်‌သေးတာမို့ ဆွန်းလေး သေချာပေါက် ပြန်နိုးလာမှဖြစ်မယ်။

သူက ပန်းပွင့်ဆို မောင့်ညီမလေးက သူ့ကိုရစ်တွယ်ထားတဲ့ နွယ်ပင်ကလေးမို့။

“ဂျီမင်း တစ်နေကုန် အခုထိ တစ်စက်မှ မနားရသေးဘူးလေ။ မောင်တို့ အိမ်ကို ခဏဖြစ်ဖြစ်ပြန်ကြမလား”

“ဟုတ်တာပဲ။ အဲ့လိုလုပ်လိုက်ပါ။ မဟုတ်ရင် ဂျီမင်းပါ လဲသွားဦးမယ်။ ပြီးမှ ပြန်လာခဲ့လို့ရတာပဲ”

ချစ်ကြိုးWhere stories live. Discover now