Epilogue
Unicode Version
“စကားပြောလို့ရမလား”မျက်လုံးလှန်ကြည့်ရင်း ခေါင်းငြိမ့်ပြလာတာမို့ အခန်းအလယ်က ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။ ရင်ဘတ်က ကုတ်အင်္ကျီရဲ့ ကြယ်သီးကို သေချာပြန်တပ်လိုက်ရင်း ဒါရိုက်တာဂျောင်ကုက ဆယ်ယွန်းနဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်လာသည်။
“အလုပ်ထွက်စာပါ”
စားပွဲလေးပေါ် တင်ပေးလာသည့် စာအိတ်တစ်အိတ်။
“မထုတ်ခင်က ကြိုထွက်လိုက်တယ်ပဲပြောမလား။ ဒါရိုက်တာ စိတ်မဆိုးဘူးမလား”
“ဒါပေါ့ မဆိုးပါဘူး။ အမှုကိစ္စရော အဆင်ပြေရဲ့လား”
ထိုင်ခုံနောက်ကို ကျောမှီလိုက်ရင်း ဒါရိုက်တာဂျောင်ကုက ပေါ့ပေါ့ပါးပါးလေး မေးလာသည်။ မေးခွန်းကို သဘောကျသွားရသလို ဆယ်ယွန်းက တစ်ချက်ပြုံးလိုက်သည်။
“စိတ်ရင်းနဲ့မေးတယ်လို့တောင် ထင်မိတော့မလို့”
ဆယ်ယွန်းက ခနဲ့သည်။ ကိုကို့နှလုံးသားက နူးညံ့လိုက်တာလို့ တလျှောက်လုံး ထင်မှတ်ခဲ့သမျှ အဆုံးသတ်မှာ ခပ်ပြုံးပြုံးလေး ရိုက်ချခံခဲ့ရတာ။ ဒီ့အတွက် မနာကျင်ရဘူးလားလို့မေးရင်တော့ ဆယ်ယွန်းက ရယ်လိုက်မှာ။
ပတ်ဂျီမင်းကိုရော ဆယ်ယွန်းကိုရော နာကျင်တာထက်ပိုအောင် လုပ်နိုင်တဲ့ တစ်ဦးတည်းသောသူက မျက်စိရှေ့က ဒါရိုက်တာဂျောင်ကုအပြင် မရှိနိုင်တော့တာမို့။
“ဘာပဲဖြစ်ဖြစ် ရွှေလက်တွဲနိုင်ကြလို့ ဂုဏ်ယူပါတယ်”
“ဇာတ်သိမ်းခန်းရောက်မှ ပြန်ကောင်းသွားတဲ့ဗီလိန်မျိုးရှိသေးတာလား”
“သေချာပေါက် ဘယ်ရှိလိမ့်မလဲ။ ဒါပေမဲ့ ဗီလိန်က ဆယ်ယွန်းမဟုတ်ဘဲ ဒါရိုက်တာကိုယ်တိုင်ဖြစ်နေတာမဟုတ်ဘူးလား”
ခပ်ပြင်းပြင်းဆုံမိတဲ့ အကြည့်နှစ်ခုအောက်မှာ ရုံးခန်းလေးထဲက လေထုက ဖိအားများသွားခဲ့သည်။ ဒါရိုက်တာဂျောင်ကုရဲ့ နှုတ်ခမ်းတွေ ခေတ္တတည်သွားခဲ့ပေမဲ့ ဘာမှမဖြစ်သလိုမျိုး အပြုံးတစ်ပွင့်နဲ့ ပြန်ဖုံးကွယ်လိုက်နိုင်ခဲ့သည်။
YOU ARE READING
ချစ်ကြိုး
Fanfictionအချစ်က အသိခက်တဲ့ ကဗျာလေးပဲ...။ Highest Ranking #1 in kookmin (11.12.22)