အပိုင်း တစ်ဆယ့်ခုနှစ်

5.7K 908 543
                                    

အပိုင်း (၁၇)

Unicode Version

အချစ်က
အသိခက်တဲ့
ကဗျာလေးပဲ~။

“နိုးပြီလား”

ဒီအသံကို မကြားရတာ ကြာနေပြီဆိုပေမဲ့ မမှတ်မိတော့တာမျိုးတော့မဟုတ်။ အိပ်ရာပေါ်က ထထိုင်လိုက်တော့ ကုတင်ခြေရင်းမှာ မတ်တပ်ရပ်ကာ လက်ပိုက်ကြည့်နေသူ။

ဂျီမင်းက နှုတ်ဆိတ်လျက် မျက်နှာလွှဲလိုက်သည်။

“မျက်နှာသစ်ပြီး ထွက်လာခဲ့။ စားစရာပြင်ထားတယ်”

အိပ်ခန်းထဲကနေ ခေါင်းမော့လျက် လှလှပပလေး ထွက်သွားသူက အန်ဂျလာ။ မေ့နေလောက်ပြီထင်တာမို့ ပြန်ပြောပေးရရင် ဂျီမင်းနဲ့ ကျောင်းတူ၊ အတန်းတူ၊ အသက်တူတဲ့အပြင် မော်ဒယ်လ်အလုပ်အကိုင်ချင်းလည်း တူတဲ့ အလှမယ်တစ်ယောက်။

ဂျီမင်းက မော်ဒယ်လောကမှ အနားယူခဲ့ပြီဆိုပေမဲ့ အန်ဂျလာကတော့ အခုထိ ထိပ်တန်း‌နေရာတွေမှာ ပြေးလွှားနေဆဲ။ ဒါပေမဲ့ ဒီလိုမျိုး ပြိုင်ဖက်ကင်းဖြစ်နေတာကို ကျေနပ်မှာမဟုတ်တာတော့ သေချာသည်။

မနေ့က ကိစ္စကို အတွေးရောက်မိတော့ ရေချိုးခန်းထဲက ဂျီမင်းရဲ့ လှုပ်ရှားမှုတွေ ရပ်တန့်သွားရသည်။ မောင်နဲ့ဆယ်ယွန်းကို ကျောခိုင်းထွက်လာပြီး အကွယ်နေရာရောက်သည်နှင့် တပြိုင်နက် သူ့ခြေလှမ်းတွေ ပြိုပျက်ခဲ့ရတာ။

“ထ”

မာမာတင်းတင်း ‌လေသံတစ်ခုက ဘယ်အချိန်က သူ့အနား ရောက်နေခဲ့မှန်းမသိ။ ကြမ်းပြင်ပေါ် ကျနေသည့် လက်ကောက်ဝတ်ကို ဆောင့်ဆွဲကာ အားပြင်းပြင်းနဲ့ ဆွဲထူလိုက်တာမို့ မော့ကြည့်လိုက်တော့ အန်ဂျလာ။

“မထသေးဘူးလား။ အမေ့ရှေ့မှာ ဒီလိုပုံစံမျိုးပြချင်လို့လား”

သူ့လိုပဲ အနက်ရောင်တွေ ဝတ်ထားသည့် အန်ဂျလာက ဒေါသရောင်လက်နေသည့် မျက်ဝန်းများနဲ့။ ဂျီမင်းသည် အသက်ကို အရင်ဆုံး ဝအောင်ရှူလိုက်ပြီးနောက် အားတင်းကာ ပြန်ထရပ်လိုက်သည်။

မေမေ့ရှေ့မှာမှ ပြိုလဲပြလိုက်မိတဲ့ ကိုယ့်ကိုယ်ကိုယ် စိတ်တိုလို့မဆုံး။

ချစ်ကြိုးWhere stories live. Discover now