အပိုင်း တစ်ဆယ့်ငါး

5.5K 819 367
                                    

အပိုင်း (၁၅)

Unicode Version

အခန်းထောင့်မှာထိုင်ကာ နံရံကို လက်သည်းများနဲ့ ကုတ်ခြစ်နေရင်း ဂျီမင်းမျက်လုံးများက လှုပ်ရှားမှုမရှိ။ အသက်သာ ခပ်မှန်မှန်မရှူနေရင်၊ ထိုလက်ချောင်းများသာ လှုပ်ရှားမနေခဲ့ရင် သက်မဲ့အရုပ်တစ်ရုပ်ကို ချထားတယ်လို့ ထင်မိနိုင်သည်။ 

ခပ်ဖြည်းဖြည်းချင်း လိမ့်ဆင်းလာသည့် အနီရောင်အရည်များက ဂျီမင်းဆီကိုပဲ မြွေတစ်ကောင်လို ဦးတည်နေခဲ့သည်။ ခန္ဓာကိုယ်ကို နံရံထဲ ဝင်သွားတော့မတတ် တိုးကပ်ထားမိရင်း ဂျီမင်းရဲ့ အသက်ရှူသံတွေက တစထက်တစ ပိုမြန်လာခဲ့သည်။

အနီရောင်သွေးများက စီးဝင်လာပြီမို့ ဂျီမင်းခြေဖဝါးတွေ ရဲရဲနီသွားရသည်။ ထိုအခါမှာတော့ ဂျီမင်းက ရှိုက်ကြီးတငင် ထငိုတော့သည်။

“ကိုယ် မောင့်ကို မသတ်ချင်ပါဘူး။ ကိုယ်‌ မောင့်ကို သိပ်ချစ်တာ”

ထိုစကားများကိုပဲ ထပ်တလဲလဲဆိုသလို နှုတ်က ရွတ်နေခဲ့သည်။ အသက်မရှိတော့သည့် မောင့်ရဲ့ အလောင်းဆီက သွေးနီနီများဟာ သူထိုင်နေရာ အခန်းထောင့်ကိုပဲ အဆက်မပြတ် စီးဝင်နေကြရင်း။

“ဟင့်အင်း!”

အိပ်ရာပေါ် ဆတ်ခနဲ ထထိုင်လိုက်မိတော့မှ အိပ်မက်မှန်း သိလိုက်ရသည်။ အိပ်မက်ထဲကလိုပဲ တစ်ဆို့နေခဲ့သည့် လည်ပင်းကြောင့် အသက်ကို မနည်းလုရှူနေရသည်။

“ဂျီမင်း ဘာဖြစ်တာလဲ”

တစ်ယောက်တည်း ရုန်းကန်နေချိန် မောင်ကပါ နိုးသွားကာ ပြာပြာသလဲ ကုန်းထပြီး မေးလာခဲ့သည်။

“ဂျီမင်း ဂျီမင်း အဆင်ပြေရဲ့လား”

“အဟွတ် အဟွတ်”

ချောင်းတစ်ချက် နှစ်ချက်ဆိုးလိုက်ပြီးနောက်မှာတော့ အနည်းငယ် သက်သာသွားခဲ့သည်။

“မောင် ရေ‌ယူပေးမယ် ခဏလေးနော်။ ရတယ်မလား သွားယူလို့”

ချစ်ကြိုးWhere stories live. Discover now