အပိုင်း နှစ်ဆယ့်ခုနှစ်

7.8K 1K 420
                                    

အပိုင်း - ၂၇

Unicode Version

“ရောက်ပြီလား”

“ဟုတ်ကဲ့။ နောက်ကျသွားလို့ တောင်းပန်ပါတယ်”

တော်တော်နဲ့ အိပ်မပျော်တော့တဲ့ ညတွေကြောင့် ဆယ်ယွန်းတစ်ယောက် အလုပ်ကို ရုံးချိန်‌တော်တော်လေးကျော်မှ ရောက်ခဲ့ရသည်။ ဒါရိုက်တာဂျောင်ကုက ဘာတစ်ခုမှ မဆူမပူပေမဲ့လည်း ဆယ်ယွန်း အနေရခက်မိသည်။

“ဟက်ချိုး!”

အိပ်ရေးကပျက်သည့်အပြင် ရေချိုးပါ မှားသည့်အခါ ဆယ်ယွန်းတစ်ယောက် အလုပ်ထဲ ဘယ်လိုမှ အဆင်မပြေတော့။ ရုတ်ချည်း ပူတက်လာတဲ့ ခန္ဓာကိုယ်အပူချိန်ကြောင့် သူ(မ) ဖျားနေပြီဆိုတာကိုလည်း သိလိုက်ရသည်။

သိသိသာသာ မူပျက်နေတဲ့ သူ(မ)ကို ဒါရိုက်တာများ သတိထားမိလေမလားဆိုပြီး အကဲခတ်လိုက်ပေမဲ့ အလုပ်ထဲပဲ အာရုံစိုက်နေပုံရသည့် ဒါရိုက်တာ့ကြောင့် ဆယ်ယွန်း စိတ်ညစ်သွားရသည်။

“ဒါရိုက်တာ”

မနေနိုင်သည့်အဆုံး ထိုင်ခုံမှထကာ စားပွဲဆီသွားလိုက်တော့ မျက်လုံးလှန်ကြည့်လာသည်။

“ပြောပါ ဆယ်ယွန်းရှီး”

“ဒီနေ့ ဆယ်ယွန်း သိပ်နေမကောင်းလို့ ခွင့်ယူချင်လို့ပါ”

“ရပါတယ်”

ပြောပြီးတာနဲ့ အလုပ်ဆီကို မျက်လုံးပြန်ရောက်သွားသည့် ဒါရိုက်တာကြောင့် ဆယ်ယွန်း အံ့ဩနေမိသည်။ ဒါပဲလား၊ ဒီလောက်ပဲလား။

“တစ်ခုခု ပြောစရာရှိသေးလို့လား”

“မ-မရှိပါဘူး”

ဒါရိုက်တာက ခေါင်းငြိမ့်ရင်း ဘာမှမဖြစ်သလို ပြုံးပြသည်။ ဆယ်ယွန်းစိတ်ထဲ သိပ်ပြီး ဘဝင်မကျချင်ပါ။ နှုတ်ခမ်းကိုက်ကာ ထိုင်ခုံမှာ ပြန်ဝင်ထိုင်လိုက်ရင်း သူ(မ) အမှားတစ်ခုခုများ လုပ်ထားမိသေးလားလို့ ပြန်စဉ်းစားလိုက်သည်။

ချစ်ကြိုးWhere stories live. Discover now