အပိုင်း နှစ်ဆယ့်နှစ်

6.8K 1K 500
                                    

အပိုင်း (၂၂)

Unicode Version


ဟိုအရင်
အတိတ်များအတွက်
တောင်းပန်တယ်....။

“ဂျီမင်း!”

ဒီနေ့ရဲ့ မနက်ခင်းတွေကစလို့ ဂျီမင်းရဲ့ Scheduleတွေက အစကအတိုင်း အသစ်ပြန်ဖြစ်လာပြီမို့ ရိုက်ကွင်းအတွက် အဆောက်အဦးကြီးထဲ ဝင်ဝင်ချင်းပဲ ဘယ်ကတည်းက ကြိုစောင့်နေမှန်းမသိတဲ့ မောင့်ကို တွေ့လိုက်ရသည်။

မောင်ဟာ သိပ်ချစ်ရပါ‌သော မျက်လုံးဝိုင်းများနဲ့ ဂျီမင်းကို လှမ်းကြည့်လို့နေခဲ့သည်။ ဂျီမင်းသည် မည်သို့မျှ မတုံ့ပြန်မိဘဲ မောင့်ကိုသာ ပြန်လည်ငေးကြည့်နေမိသည်။ မညာတမ်းပြောရရင် မောင့်ကို ဂျီမင်း သိပ်လွမ်းရပါတယ်။

“ဂျီမင်း မောင်..”

“ကိုယ် အလုပ်ရှိသေးလို့ နောက်မှတွေ့ကြတာပေါ့ မောင်”

မောင်ဆက်ပြောလာမည့် စကားစကို ဂျီမင်းက ဦးအောင် ဖြတ်ချလိုက်သည်။ မျှော်လင့်တကြီး စောင့်စားနေခဲ့လေတဲ့ မောင့်မျက်နှာက ဂျီမင်းရဲ့ စကားကြောင့် ချက်ချင်း ညှိုးကျသွားခဲ့သည်။

“မောင် စောင့်နေပါ့မယ်”

“မစောင့်နဲ့ မောင်။ ကိုယ် ပြီးမှ မောင့်ကို ဆက်သွယ်လိုက်ပါ့မယ်”

ဂျီမင်းက ထုံးစံအတိုင်း အပြုံးတစ်ပွင့်နဲ့အတူ မောင့်ကို နှုတ်ဆက်ပြီး ဓာတ်လှေကားရှိရာကို ထွက်သွားခဲ့သည်။ မောင်ဟာ နေရာမှာ ရပ်ကျန်ခဲ့ရင်း လှလှပပ ကျောပြင်လေးကို မြင်ကွင်းထဲမှ ပျောက်ကွယ်သွားသည်အထိ ငေးကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။

မောင့်အပြုံးတစ်ပွင့်နဲ့
လှပခဲ့ဖူးတဲ့ အတိတ်တွေ
ခုတော့ သူကိုယ်တိုင်ကပဲ
မောင့်ကို ဝမ်းနည်းစေမိခဲ့ပြီ။

ရိုက်ကွင်းခဏနားချိန်ရောက်တော့ ဖုန်းတစ်ကောလ်ဝင်လာခဲ့သည်။ ဆွန်းလေးဆီကပဲ။ ဒီကောင်မလေးကတော့ အရွယ်နဲ့မလိုက်အောင် ဂျီမင်းကို အမြဲတမ်း သတိတရပါပဲ။

“ကိုကို!”

ဖုန်းကိုင်ကိုင်လိုက်ချင်း အော်ခေါ်လိုက်သည့်အသံကြောင့် နားတွေပင် အူသွားရသည်။

ချစ်ကြိုးWhere stories live. Discover now