အပိုင်း လေး
Unicode Version
Mood Music - Dusk Till Dawnစားပွဲမှာထိုင်ကာ စာဖတ်နေရင်းက အခန်းထောင့်မှာ ထားထားသည့် အင်္ကျီဘူးလေးကိုမြင်တော့ ခေတ္တမျှ အတွေးကမ္ဘာထဲ မျောပြီးသည့်နောက် ထိုဘူးလေးရှိရာ လျှောက်သွားလိုက်သည်။
ဘူးလေးကို စားပွဲဆီ ယူခဲ့ရင်း ထိုင်ခုံမှာပြန်ထိုင်ကာ ဖွင့်ဖောက်ကြည့်လိုက်တော့ ချက်ချင်းဆိုသလို နှာခေါင်းထဲ တိုးဝင်လာတာက နေ့ခင်းတုန်းက ရခဲ့သည့် ရေမွှေးနံ့။
အသေအချာ ကော့နေအောင် သပ်သပ်ရပ်ရပ် ခေါက်ထည့်ထားသည့် သူ့ကုတ်အင်္ကျီက အရင်တုန်းကနဲ့ အတူတူပဲဆိုပေမဲ့လည်း ဂျောင်ကုခံစားချက်တွေကတော့ တစ်မျိုးတဖုံ လှုပ်ရှားပြောင်းလဲလို့နေသည်။ ရေမွှေးနံ့ကြောင့်များလား။
အင်္ကျီကို ဖယ်ထုတ်လိုက်ချိန် ဘူးထဲကျန်နေသည်က ပို့စကဒ် အမဲလေးတစ်ကဒ်။ ဒိတ်ခနဲဖြစ်သွားသည့် ရင်ခုန်သံနဲ့အတူ ထိုကဒ်ကလေးကို ယူကြည့်လိုက်မိတော့ အသေအချာရေးထားသည့် လက်ရေးလှလှလေးတစ်ခုကို တွေ့လိုက်ရသည်။
"မင်းရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်"
ကိုယ်တိုင်ပင် မသိလိုက်ခင်မှာပဲ ဂျောင်ကုက ပြုံးနေမိသည်။ သတင်းတွေ အများအပြားကြားဖူးပါတယ်။ မော်ဒယ်လ်ပတ်ဂျီမင်းက လှသလောက် မာနကြီးပြီး ရင်ထိတ်ဖို့ကောင်းတယ်ဆိုတာတွေပေါ့။
အခုချိန်မှာတော့ ထိုသတင်းတွေအားလုံးက ကောလဟာလတွေသာဖြစ်ကြောင်းကို ဂျောင်ကု အကြွင်းမဲ့ ယုံလိုက်မိပြီးဖြစ်သည်။ ဂျီမင်း - သူက လူတွေပြောသလို မောက်မာတဲ့သူမဟုတ်ပါဘူး။ အများကြီးလှသလို အများကြီးလည်း နွေးထွေးတဲ့သူရယ်ပါ။
စိတ်ထဲ ဖျတ်ခနဲ သတိရသွားသည့် အရာတစ်ခုကြောင့် ဖုန်းကိုဖွင့်ကြည့်လိုက်ပြီး နေ့ခင်းကဝင်ထားသည့် ဖုန်းနံပါတ်လေးကို Contactထဲ သိမ်းကာ ဂျီမင်းရှီးဟု မှတ်ထားလိုက်တော့သည်။ သူသိပါတယ် နောက်ထပ် ထပ်ခေါ်မှာမဟုတ်ပေမဲ့လည်း ဂျောင်ကုစိတ်ထဲ သိမ်းထားချင်သလိုဖြစ်လာတာမို့ကြောင့်ပါ။
YOU ARE READING
ချစ်ကြိုး
Fanfictionအချစ်က အသိခက်တဲ့ ကဗျာလေးပဲ...။ Highest Ranking #1 in kookmin (11.12.22)