အချပ်ပို
Unicode Version
"ဂျီမင်း"
ခပ်ကျယ်ကျယ်လှမ်းခေါ်လိုက်တော့ ဂျီမင်းရဲ့ မျက်ဝန်းလှလှလေးတွေက မောင့်ဆီကို ချက်ချင်းရောက်လာခဲ့သည်။ ပြီးသည်နှင့် နှုတ်ခမ်းလှလှလေးတွေကပါ ပြုံးသွားခဲ့သည်။
မောင်က အချိန်မှန်တဲ့နာရီလေးလိုပဲ။ သူ့အလုပ်တွေပြီးချိန်တိုင်းမှာ တစ်နေ့မပြတ် လာကြိုတတ်ပြန်တယ်။ သူ့ကိုမြင်တာနဲ့ အနားကို အပြေးရောက်လာတတ်တဲ့ တောက်တဲ့လေးမောင်က သည်တစ်ကြိမ်မှာတော့ သူ့နံဘေးမှာ ကပ်ပါလာတဲ့လူကို တိတ်တဆိတ် အကဲခတ်နေပုံရသည်။
"ဒီလိုဆို ကျွန်တော်စာပို့လိုက်ပါ့မယ်"
"ကောင်းပါပြီ"
အပြုံးနဲ့နှုတ်ဆက်ကာ ထွက်သွားသည်နှင့် မောင်က ဂျီမင်းအနားကို ရောက်လာခဲ့သည်။ မောင့်မျက်ဝန်းထဲက မေးခွန်းတွေကို အထင်းသားမြင်နေရပေမဲ့လည်း ဂျီမင်းက မသိချင်ယောင်ဆောင်ကာ ကားပေါ်တက်ခဲ့လိုက်သည်။
ကားမောင်းနေသည့်တလျှောက်လုံး မောင်က မသိမသာရော သိသိသာသာပါ ဂျီမင်းထိုင်နေသည့်အခြမ်းဘက်ကို လှည့်ကြည့်လှည့်ကြည့်။ မီးနီမိချိန်မှာ တိန်ခနဲမြည်သံနဲ့အတူ ဖုန်းစခရင်က လင်းလာသည့်အခါ ဂျီမင်းက ဖွင့်ကြည့်လိုက်သည်။
ထို့နောက် တစ်ချက်ပြုံးရင်း တစ်ဖက်ကို စာအနည်းငယ်ခန့် ပြန်ရိုက်ပို့လိုက်သည်။ ဒီအချိန်မှာပဲ ကားအနောက်ဘက်ဆီကနေ ဟွန်းသံတချို့ကို ကြားလိုက်ရတာမို့ မော့ကြည့်လိုက်မိတော့ ရှေ့က မီးပွိုင့်က မီးစိမ်းနေတာကို တွေ့လိုက်ရသည်။
"မောင် မီးစိမ်းနေပြီလေ"
"ဟင် အင်းအင်း"
ဂျီမင်းလက်ထဲကဖုန်းကို အသည်းအသန်လိုက်ကြည့်နေတဲ့မောင်က မီးစိမ်းလို့စိမ်းမှန်းတောင်မသိ။ သူ သတိပေးလိုက်မှ အသိပြန်ဝင်လာပြီး မီးပွိုင့်ရှေ့ကနေ မောင်းထွက်ခဲ့တော့သည်။
YOU ARE READING
ချစ်ကြိုး
Fanfictionအချစ်က အသိခက်တဲ့ ကဗျာလေးပဲ...။ Highest Ranking #1 in kookmin (11.12.22)