အပိုင်း ခြောက်

7.2K 959 144
                                    

အပိုင်း ခြောက်

Unicode Version

ဒီသံသရာမှာ
မောင်နဲ့သူ လက်ထပ်ဖို့
အကြောင်းဖန်လာခဲ့‌လေတယ်။

“ဒီဝတ်စုံလေးက မောင်နဲ့ပိုလိုက်မယ်ထင်တယ်”

မောင့်ကိုယ်လုံးပေါ် အမျိုးစုံသော မင်္ဂလာဝတ်စုံတွေကို ကပ်ကြည့်ပြီး အကောင်းဆုံးဖြစ်မဲ့ဝတ်စုံကို သူ ရွေးပေးနေမိသည်။ မောင်ကတော့ သူလုပ်သမျှအရာတိုင်းကို အပြုံးတွေနဲ့သာ လိုက်လိုက်လျောလျော လက်ခံပေးခဲ့သည်။

“တစ်မနက်ခင်းလုံး ဝတ်စုံရွေးနေတာနဲ့ ဘာမှမစားရသေးဘူးနော်။ မမောဘူးလား မောင့်အချစ်ရယ်”

မောင်က သူ့မေးဖျားကို ဆွဲယူကာ မျက်လုံးချင်း ဆုံစေလိုက်သည်။ ပြီးနောက် သူ့နှုတ်ခမ်းတွေကို ငုံ့နမ်းလိုက်တာမို့ အလိုက်တသိ မျက်လုံးတွေကို မှိတ်‌ချလိုက်သည်။ မောင်နဲ့အတူ ရှိနေတာမို့ သူ့ကမ္ဘာဟာ ပြည့်စုံတာထက်ကို ပြည့်စုံလွန်းနေခဲ့ပါပြီ။

လူသိရှင်ကြား မီဒီယာအပြည့်ဖိတ်ပြီး လက်ထပ်တာမျိုးမဟုတ်ပဲ Private Wedding ပေမို့ ဒီမင်္ဂလာပွဲလေးကိုလည်း မောင့်မိသားစုနဲ့ ကာယကံရှင် သူတို့နှစ်ဦးကလွဲလို့ ဘယ်သူ့ကိုမှ မဖိတ်ကြားခဲ့ပါ။

အင်တာဗျူးတွေမှာ သူ လက်ထပ်တော့မယ်လို့ ဖြေလိုက်တုန်းက ထိုသတင်းက သတင်းခေါင်းစီးတွေတိုင်းမှာ ဟိုးလေးတကျော်ကျော်ဆိုသလို Hit ဖြစ်သွားခဲ့သည်။ သူ လက်ထပ်မဲ့လူက ဘယ်သူလဲ၊ ဘယ်ကလဲစတဲ့ မေးခွန်းပေါင်း မြောက်များစွာနဲ့ လူတိုင်းက အာရုံစိုက်လာကြသည်။

သူ့အတွက်တော့ ပြဿနာမဟုတ်ပေမဲ့ သာမန်ဘဝလေးမှာ အေးအေးချမ်းချမ်း နေထိုင်နေတဲ့ မောင်နဲ့ မောင့်မိသားစုကို ဒီဂယက်တွေကြောင့် အနှောင့်အယှက်ဖြစ်မှာ စိုးတာမို့ နှစ်ဦးနှစ်ဖက်နားလည်မှုရှိစွာ သိုသိုသိပ်သိပ် ရှေ့ဆက်ခဲ့ကြသည်။

တကယ်ဆို မောင်ကလွဲပြီး ဘာကိုမှ မက်မက်မောမောမရှိတော့တာမို့ မော်ဒယ်လ်လောက‌ကနေပါ အနားယူပစ်လိုက်ချင်ပေမဲ့လည်း မောင့်အတွက်၊ မောင့်မိသားစုအတွက် ပိုပြီးပြည့်စုံစေချင်တာမို့ သူ ကြိုးစားရဦးမယ်။ သူ့အနာဂတ်အစီအစဉ်တိုင်းမှာ မောင်က ချွင်းချက်မရှိ ထိပ်ဆုံးက ပါဝင်နေခဲ့ပါတယ်။

ချစ်ကြိုးWhere stories live. Discover now