အပိုင်း (၁၂)
Unicode Version
ပတ် ဂျီ မင်း !ဆယ်ယွန်းလက်ထဲ ကိုင်ထားသည့် ဇွန်းဟာ ချက်ချင်းလက်ငင်း လွတ်ကျသွားခဲ့ပြီး ပန်းကန်နဲ့ထိမိကာ ချွင်ခနဲ အသံထွက်လာခဲ့သည်။ နှုတ်ခမ်းတွေက နှစ်လိုဖွယ်ရာ ပြုံးနေခဲ့ပေမဲ့ မျက်ဝန်းအိမ်ကျဉ်းကျဉ်းတွေကတော့ ကြောက်ဖို့ကောင်းနေတုန်းပဲ။
ဆယ်ယွန်းသည် ထိုလူရဲ့ လှုပ်ရှားမှုတိုင်းကို ထမင်းစားပွဲရဲ့ ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်အထိ မယုံနိုင်စွာ လိုက်ကြည့်နေမိသည်။ ရင်ထဲကမပါသည့် ဟန်ပြချိတ်ဆွဲထားရုံ နှုတ်ခမ်းထက်က အပြုံးတွေကို အားနာပါးနာတောင် ဆယ်ယွန်းဘက်က မတုံ့ပြန်ခဲ့မိပါ။
မထိန်းနိုင်လောက်အောင် ပျက်ယွင်းနေခဲ့သည့် ဆယ်ယွန်းရဲ့ အမူအရာကို မျက်တောင်တို့မှေးစင်းရင်း ဇိမ်ခံကြည့်နေသူဟာ ထိုလူ။ ပတ်ဂျီမင်းဆိုသော ထိုလူ။
“ဆယ်ယွန်းရှီး!”
“ဟင် ဟုတ်…ဟုတ်ကဲ့”
ဒါရိုက်တာဂျောင်ကုဆီက ခေါ်သံကြားမှ သတိပြန်ကပ်လာခဲ့ရင်း မျက်နှာအမူအရာကို ဒီ့ထက်မဆိုးခင် အချိန်မှီလေး ဆယ်ယွန်း ထိန်းသိမ်းလိုက်ရသည်။ ဒါရိုက်တာဂျောင်ကုကို လှမ်းကြည့်လိုက်တော့ မည်သို့သော သံသယမျိုးကိုမှ မတွေ့ရဘဲ ခပ်ပြုံးပြုံးသာ။ တော်ပါသေးရဲ့...။
“အရမ်းအံ့ဩသွားပုံပဲ”
“ရှင်....အော် ဟုတ်တယ် အဟင်း မထင်ထားဘူးလေ”
ပတ်ဂျီမင်းက လွယ်လွယ်တွေ့လို့မရသော နာမည်ကြီးမော်ဒယ်ဖြစ်နေသည့်အချက်နှင့်ပဲ ဆယ်ယွန်းက အပြုံးတုနှင့်အတူ အလိုက်သင့်လေး ပြန်ရောချလိုက်သည်။ အရေပြားဆီက စိမ့်ထွက်လာနေသည့် ချွေးစေးတို့ကြောင့် ဆယ်ယွန်းရင်တွေ တလှပ်လှပ်ဖြစ်လာသည်။
“တွေ့ရတာ ဝမ်းသာပါတယ် ပတ်ဆယ်ယွန်း”
ဘဝမှာ ဒုတိယမြောက် အမုန်းတီးဆုံး အသံပါပဲ။ စူးခနဲ ဆုံသွားကြသည့် လူနှစ်ယောက်ရဲ့ အကြည့်နှစ်ခုသာ မီးတောက်တွေအဖြစ် ကူးပြောင်းသွားနိုင်မယ်ဆိုရင် ပတ်ဝန်းကျင်တစ်ခုလုံး ပြာကျသွားသည်အထိ အင်အားပြင်းအဆင့်တွင် ရှိနေသည်။
YOU ARE READING
ချစ်ကြိုး
Fanfictionအချစ်က အသိခက်တဲ့ ကဗျာလေးပဲ...။ Highest Ranking #1 in kookmin (11.12.22)