အပိုင်း ငါး

7.1K 1K 221
                                    

အပိုင်း ငါး

Unicode Version

လက်က ဘာဖြစ်တာလဲ”

မောင်က မေးလာသည့်အခါ မပြောပြချင်ဟန်ဖြင့် ထိခိုက်ထားသည့်လက်ကို မလုံမလဲ ဟန်ဆောင်ဖုံးကွယ်လိုက်မိသည်။

“ဂျီမင်းရှီး ကျွန်တော်မေးနေတယ်လေ!”

မောင်က သူ့လက်ကို ဆွဲယူကာ ကြည့်လိုက်တော့ ရဲတွတ်နေသည့် လက်ကောက်ဝတ်က ဒဏ်ရာက ပေါ်သွားရသည်။

“ဘယ်လိုဖြစ်ရတာလဲ”

“ဒီအတိုင်း မန်နေဂျာနဲ့ စကားများရင်း…”

သူ့စကားကို‌ကြားတော့ အလိုမကျသလို မောင့် မျက်ခုံးတန်းတွေ တွန့်ချိုးကုန်သည်။ မောင် စိတ်ဆိုးနေပြီဆိုတာလည်း သူ့စိတ်ထဲက တန်းသိလိုက်သည်။

“ဒီတစ်လအတွင်း အဲ့မန်နေဂျာကြောင့် ထိခိုက်နေတာ မနည်းတော့ဘူးမလား”

“အခန့်မသင့်လို့ဖြစ်…”

“ကျွန်တော် မန်နေဂျာအသစ်ရှာပေးမယ်။ မဟုတ်ရင် ခင်ဗျား အခုထက်ပိုပြီး ထိခိုက်လိမ့်မယ်”

စိတ်ဆိုးမာန်ဆိုးနှင့် လက်ရှိမန်နေဂျာကို အလုပ်ထုတ်ပစ်လိုက်ဖို့ ပြောနေတဲ့ မောင့်ပုံစံက ဒီလိုကျတော့လည်း အသွင်တစ်မျိုးနဲ့ သဘောကျဖို့ကောင်းနေဆဲပါပဲ။

“ဒါပေမဲ့ သူနဲ့က အကြာကြီး လက်တွဲလာခဲ့တာမို့ အသစ်ရှာရမှာ မလွယ်ဘူး။ ‌ထပ်ဝင်လာမဲ့ သူစိမ်းဆိုတာကလည်း ယုံရပါ့မလား”

သူကိုယ်တိုင် အနာတရဖြစ်အောင် လုပ်ခဲ့သည့် လက်ကောက်ဝတ်က ဒဏ်ရာကို အင်္ကျီလက်နဲ့ ပြန်ဖုံးကွယ်လိုက်ရင်း သူ့မှာ ရွေးချယ်စရာမရှိသလို ခပ်ဖျော့ဖျော့ ဆိုလိုက်သည်။

“ဒီဟာက တရားစွဲလို့တောင်ရတာသိလား”

ဒဏ်ရာဆီကို လက်ညှိုးထိုးပြရင်း မောင်က မကျေနပ်စွာ အံတကြိတ်ကြိတ်နဲ့ ပြောသည်။

ချစ်ကြိုးWhere stories live. Discover now