အပိုင်း နှစ်
Unicode Version
"ဂျွန်ဂျောင်ကု"
CV Form ကို ဖတ်ကြည့်ရင်း ဂျီမင်းရဲ့ နှုတ်ခမ်းတွေ ပြုံးနေခဲ့သည်။ စာရွက်မှာ ကပ်ထားတဲ့ မောင့်ဓာတ်ပုံလေးက ချစ်ဖို့ကောင်းလိုက်တာ။ နှုတ်ခမ်းအောက်က မှဲ့နက်ကလေးဆို ထင်းလို့။
စားပွဲပေါ် မေးထောက်လိုက်ရင်းက ကျန်လက်တစ်ဖက်ရဲ့ လက်ချောင်းတွေနဲ့ စားပွဲကိုခေါက်ကာ တတောက်တောက်လုပ်နေမိသည်။ ခပ်လှမ်းလှမ်းက မှန်ထဲကို ကြည့်မိတော့ တစ်ခါမှ မမြင်ဖူးခဲ့သည့် သူ့ပုံစံ။
အရွယ်အားဖြင့် သုံးဆယ်စွန်းနေပြီဖြစ်တဲ့ နာမည်ကြီးမော်ဒယ်လ်တစ်ယောက်က အချစ်နဲ့တွေ့သွားတဲ့အခါ ဆယ်ကျော်သက်ကလေးလို မနေတတ် မထိုင်တတ်၊ ခုပဲ ထိုင်ရမလို ထရမလို။ ကိုယ့်အဖြစ်ကိုယ် ပြန်တွေးမိတော့ တစ်ချက်ရယ်လိုက်ရင်း မောင့်ဓာတ်ပုံလေးကို ပြန်ငုံ့ကြည့်လိုက်မိသည်။
မောင်က သူ့အရင်ဘဝရဲ့ ဖူးစာရှင်ဖြစ်နေတာများလား။ ကြားဖူးနေကျ အချစ်သီချင်းတွေကိုလည်း သည်တစ်ခါမှာတော့ အပိုစာသားတွေလို့ သူ မမြင်တော့ဘူး။ ချစ်ရေးလာဆိုသမျှ လူတိုင်းကို ခေါင်းတစ်ချက်ယမ်းကာ အသာလေး ငြင်းခဲ့ဖူးသူ တောင်ကိုရီးယားနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲ မော်ဒယ်လ်ပတ်ဂျီမင်းက မြင်မြင်ချင်းအချစ်မှာ နစ်ဝင်မိခဲ့လေပြီ။
"ဘာရယ် ဂျီမင်းလား!"
ချက်ချင်းဆိုသလို ကုမ္ပဏီတစ်ခုလုံးရှိ လူတွေအကုန် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့သည်။
"မင်း ဘာလို့ ကြိုမပြောတာလဲ"
CEO ကိုယ်တိုင်လည်း ပြာယာခတ်သွားရပြီး အခုမှ အပြေးလာပြောသည့် အတွင်းရေးမှူးလေးကို ရန်လုပ်လိုက်မိသည်။
"ဟို ဒီနေ့က ဘာ schedule မှလည်း မရှိတာမို့"
"တွေ့ဖို့လည်း ချိန်းမထားမိပါဘူး"
CEO တစ်ယောက် တွေတွေဝေဝေဖြစ်သွားရကာ မေ့နေမိတာများလားဟု စဉ်းစားလိုက်မိသည်။ ပုံမှန်ဆို ဂျီမင်းက အလုပ်မရှိတဲ့ အားလပ်ရက်တွေဆို ကုမ္ပဏီဘက်ကို သေးသေးလေးတောင် ခြေမချတတ်သူမို့ ထူးတော့ထူးဆန်းနေသည်။ ဘာအကြောင်းရယ်ကြောင့်လို့ မသိသေးပေမဲ့ မျက်ခုံးက ခပ်လှုပ်လှုပ်ရယ်။
YOU ARE READING
ချစ်ကြိုး
Fanfictionအချစ်က အသိခက်တဲ့ ကဗျာလေးပဲ...။ Highest Ranking #1 in kookmin (11.12.22)