အပိုင်း ခုနှစ်

6K 941 277
                                    

အပိုင်း (၇)

Unicode Version

"တလောလေးကမှ ရာထူးတိုးသွားတဲ့ ဒါရိုက်တာဂျွန်ဂျောင်ကုဆိုတာလေ"

ဒီညရဲ့ ညစာစားပွဲမှာ ဒါရိုက်တာ ဂျွန်ဂျောင်ကုက main character ဖြစ်နေခဲ့သည်။ လူတိုင်းရဲ့ မျက်လုံးအစုံက သက်လတ်ပိုင်းအရွယ် ရာထူးမြင့်မြင့် အမျိုးသားဆီမှာ ဝေ့ကာ ဝဲကာ။

"အိမ်ထောင်ရှိတယ်လို့လည်း ကြားမိတယ်"

"ဟင် ငယ်သေးတာကို"

နှမြောတသဖြစ်နေသည့် စကားသံတွေကို ဒါရိုက်တာဂျောင်ကုတစ်ယောက်ကတော့ မကြားနိုင်ခဲ့။ ဂုဏ်ပြုသံတွေ၊ ချီးကျူးသံတွေကြားမှာ အပြုံးတွေကို ချိတ်ဆွဲထားရင်း နှုတ်ဆက်လာသမျှလူတိုင်းကို အသိအမှတ်ပြန်ပြုရသည်။

"ဒီလောကထဲရောက်တာလည်း မကြာသေးဘူးမလား"

"အင်း လွန်ခဲ့တဲ့ လေးနှစ်လောက်က ထင်တယ်"

"ဒီလောက်မြန်မြန်ကြီး အောင်မြင်လာတာက ဟုတ်ရောဟုတ်ရဲ့လား"

"မဟုတ်မှလွဲရော သူ့အိမ်ထောင်ဖက်ကြောင့်များလား"

လူလည်းစုံသလို သတင်းကလည်း စုံသည်။ အကယ်၍ ဒီလူတွေအကုန်လုံးသာ ဒါရိုက်တာဂျောင်ကုရဲ့ အိမ်ထောင်ဖက်က တောင်ကိုရီးယားရဲ့ ဒိတ်ဒိတ်ကျဲမော်ဒယ်လ် ပတ်ဂျီမင်းဆိုတာသာ သိများသိခဲ့ကြရင် ဘယ်လိုဆက်ပြောကြမလဲ။

"ဒါရိုက်တာခင်ဗျ"

ဝန်ထမ်းတစ်ယောက်က ဂျောင်ကုနားလေး ကပ်ပြီး တစ်ခုခုပြောလိုက်တာမို့ ခေါင်းတစ်ချက်ငြိမ့်ပြရင်း စကားဝိုင်းကနေ နှုတ်ဆက်ထွက်ခွာခဲ့လိုက်သည်။ သူတို့ကုမ္ပဏီဆီမှာ ရင်းနှီးမြှုပ်နှံချင်သည့် ရှယ်ယာရှင်အသစ်နဲ့ သွားရောက်တွေ့ဆုံရမှာကြောင့်လည်း ဖြစ်သည်။

Guest Room ကိုရောက်တော့ မိမိကိုယ်ကိုယ် အသပ်ရပ်ဆုံးဖြစ်အောင် ပြန်ပြင်လိုက်ရင်း တံခါးခေါက်ကာ အခန်းထဲ ဝင်ခဲ့လိုက်သည်။ ဝင်ဝင်ချင်းမှာပဲ သူ မြင်လိုက်ရတာက ထင်ထားသလို အသက်ကြီးကြီး အမျိုးသားမဟုတ်ဘဲ ငယ်ရွယ်သည့် မိန်းကလေးတစ်ဦးဖြစ်နေတာကို တွေ့လိုက်ရသည်။

ချစ်ကြိုးHikayelerin yaşadığı yer. Şimdi keşfedin