အပိုင်း (၂၆)
Unicode Version
"မောင် ဆွန်းလေးကို လာပို့တာ"
"အင်း"
တစ်လုံးတည်းသာ ပြန်ဖြေလိုက်သည်။ မျှော်လင့်ထားသလို စာချုပ်အစား မောင့်လက်ထဲမှာတော့ လာရင်း ဝယ်လာပုံရသည့် အစားအသောက်များနှင့် အထုပ်အပိုးများသာ ပါသည်။ ဟူး သူ့မှာလည်း ဒီကိစ္စတစ်ခုအတွက်နဲ့တင် နေ့နေ့ညညဆိုသလို တော်တော်လေး ရင်မောရပါသည်။
"ဂျီမင်းအတွက်လည်း မောင်ဝယ်လာခဲ့တယ်"
စားပွဲပေါ် တင်ပေးလာသည့် ပူပူနွေးနွေး စားစရာများ။ မောင့်ကို မော့ကြည့်လိုက်တော့ သာမန်ရိုးရိုး အလည်လာသည့် လူလိုမျိုး။ အပြုံးမပျက်၊ စကားပြောမပျက်။ မူမမှန်တာ ဘာဆို ဘာတစ်ခုမှမရှိ။
မောင်က ဘာကြီးလဲ။
ဂျီမင်းစိတ်ထဲ ထိုကဲ့သို့ တွေးလိုက်မိသည်။ ကိုယ့်အတွေးနဲ့ကိုယ် မျောနေသည့်ဂျီမင်းရဲ့ လက်ထဲ နောက်ထပ်ပစ္စည်း တစ်စုံတစ်ခုရောက်လာခဲ့သည်။ ငုံ့ကြည့်လိုက်တော့ သစ်ခွပန်းခက်လေး။
"အိမ်မှာ သစ်ခွတွေ ထပ်ပွင့်နေပြီ။ ဂျီမင်းအတွက် မောင်ကိုယ်တိုင် ခူးလာတာ"
အမှန်တိုင်းပြောရရင် ဂျီမင်း ကြောက်တယ်။ တကယ်လို့ ဒီပန်းကို ဆယ်ယွန်းက ဝယ်လာခဲ့တာဆိုရင် ဘယ်လိုလုပ်မလဲ။ ဒီတစ်ကြိမ်မှာတော့ မောင့်ကို ယုံကြည်လိုက်ဖို့ ဂျီမင်းအတွက် ခက်ခဲနေခဲ့ပြီ။
ဂျီမင်း မောင့်ကို မယုံကြည်ရဲတော့ဘူး။ အတွေးနဲ့အတူ ဂျီမင်းက ထိုပန်းလေးကို မောင့်လက်ထဲ ပြန်ထည့်ပေးလိုက်သည်။ ဂျီမင်းရဲ့ လုပ်ရပ်အတွက် မောင်က စိတ်မကောင်းဖြစ်သွားသည့်ပုံပင်။ အလွတ်ရနေတဲ့ မောင့်မျက်လုံးဝိုင်းတွေထဲက ကြယ်တွေ ငိုသွားခဲ့တယ်လေ။
"မောင် တကယ်ကို ကိုယ်တိုင်ခူးလာခဲ့တာပါ"
ဒီလိုဆို ကျေးဇူးတင်ပါတယ်လို့ ပြောရမှာလား မောင်။ အမှတ်မရှိတဲ့ ပန်းပွင့်တွေမှာလည်း အကြောက်တရားတော့ ရှိကောင်းရှိနေမှာ မောင်ရဲ့။ စကားမပြောတတ်တဲ့ ပန်းပွင့်ဆိုပေမဲ့ သူတို့လည်း ကြောက်ရှာမှာပေါ့။
YOU ARE READING
ချစ်ကြိုး
Fanfictionအချစ်က အသိခက်တဲ့ ကဗျာလေးပဲ...။ Highest Ranking #1 in kookmin (11.12.22)