အပိုင်း တစ်ဆယ်

5.2K 824 103
                                    

အပိုင်း (၁၀)

Unicode Version


သူ့အသက် ဆယ်နှစ်လောက်မှာ
ဒီပြဿနာတွေ စတင်ခဲ့တယ်။

မြင်မြင်ချင်းအချစ်မှာ ရူးရူးမူးမူးဖြစ်ခဲ့တဲ့ မေမေဟာ မျက်စိတစ်မှိတ်အတွင်း ဖေဖေ့ကို လက်ထပ်ယူနိုင်ခဲ့တယ်။ နှစ်ဦးကြားက အသက်ကွာဟမှုက ဆယ်နှစ်။ အိမ်ထောင်ပြုတာလည်း နောက်ကျတာမို့ တစ်ဦးတည်းသောသားဖြစ်တဲ့ သူ့ကိုတောင် ခက်ခက်ခဲခဲ မွေးထုတ်ခဲ့ရတာမျိုး။

လူ့လောကထဲ ဆယ်စုနှစ်တစ်နှစ်စာ ရောက်ရှိခဲ့ပြီးနောက်မှာ မိဘနှစ်ပါးကြားက အဆင်မပြေမှုတွေကို သူ စတင် သတိထားလာခဲ့မိတယ်။ တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်ဖုံ စကားများသံတွေဟာလည်း အစပိုင်းမှာ သားဖြစ်သူ ကြားမှာစိုးလို့ အောင့်အီးထားခဲ့ကြပေမဲ့ ရက်ကြာလာတော့ ပေါ်ပေါ်တင်တင်ပဲ ဖြစ်လာခဲ့တယ်။

ဖေဖေဟာ သူနဲ့သက်တူရွယ်တူ အမျိုးသမီးတစ်ဦးနဲ့ လွန်လွန်ကြူးကြူးဖြစ်နေခဲ့တယ်ဆိုတာ ဆယ်နှစ်သားအရွယ် ကောင်လေးက တဖြည်းဖြည်းချင်း သဘောပေါက်လာခဲ့တယ်။ သုံးယောက်တည်းသာရှိတဲ့ မိသားစုဟာ အပေါ်ယံအားဖြင့် အများထင်သလို အားကျစရာကောင်းမနေခဲ့။

အတွင်းမှာ တမြေ့မြေ့ချင်း လှိုက်စားနေသည့် အခေါင်းပေါက်အနာတစ်ခုနဲ့လည်း ဆင်တူလှသည်။ အသေအချာသာ တိုးဝင်ကြည့်ခဲ့ရင် ဒီအနာက မည်မျှထိ နက်ဝင်နေလဲဆိုတာ ကြုံဖူးမှယုံလိမ့်မယ်။

ရန်ဖြစ်တိုင်း၊ စကားများတိုင်း ရှာကျွေးနိုင်တယ်ဆိုတဲ့ တလွဲမာနနဲ့ ဖေဖေက ‌မေမေဘာပြောပြောလက်မခံ။ ဖေဖေ ဒီလိုဝင်ငွေကောင်းကောင်းနဲ့ နေရာကောင်းရအောင် မြှင့်တင်ပေးထားသူက မေမေဖြစ်နေသည့်အခါ အံတွေက လွဲသထက်လွဲရုံသာရှိခဲ့သည်။

"ရှင် ဒီဘဝအထိရောက်လာတာ ဘယ်သူ့ကြောင့်လဲဆိုတာ မမေ့နဲ့ ပတ်ယုံးဆောင်း!"

"ငါ ဆင်းရဲခဲ့ဖူးတယ်ဆိုပြီး မင်းက လှောင်ပြောင်ချင်နေတာပဲ။ မင်းရော မင်းအဖေရော တထေရာတည်းပါပဲ"

"ဖေဖေ့ကို ပြောစရာမလိုဘူး။ ဖေဖေက သဘောမတူချင်တဲ့ကြားက ကျွန်မမျက်နှာနဲ့ အကုန်လုံးကို အလျှော့ပေးခဲ့တာ။ ရှင် အခု မတ်မတ်ရပ်နေနိုင်တဲ့ မြေပြင်က ဖေဖေ့ကျေးဇူးတွေကြောင့် ညီနေတယ်ဆိုတာလည်း မမေ့လိုက်နဲ့ဦး"

ချစ်ကြိုးDonde viven las historias. Descúbrelo ahora