အပိုင်း တစ်ဆယ့်တစ်

5.3K 839 249
                                    

အပိုင်း (၁၁)

Unicode Version

“ဒီနေ့ ထူးခြားတာ တစ်ခုခုရှိလို့လား”

မြင်မြင်သမျှ မှန်တွေထဲ မိမိကိုယ်ကိုယ် အထပ်ထပ်ကြည့်ကာ ပြင်ဆင်နေသည့် သမီးဖြစ်သူကြောင့် ဖခင်က မမေးဘဲ မမေးနိုင်တော့။ ပြောရရင် မျက်စိနောက်ဖွယ် ပြင်ဆင်လို့မဆုံးဖြစ်နေတာမလား။

“သမီးတို့ ညစာအတူတူစားမလို့”

“သမီးတို့ဆိုတာက...”

“ဒါရိုက်တာဂျောင်ကုနဲ့ပါ”

“ဟေ”

အဖေလုပ်သူရဲ့ မျက်လုံးတွေ ပြူးခနဲ။

“နှစ်ယောက်တည်းလား”

“ဟို ဒါရိုက်တာဂျောင်ကုတို့ အိမ်မှာလို့ပြောတယ်ဖေဖေ”

“ဟေ အိမ်မှာဟုတ်လား”

“ဟုတ်”

ဖခင်မှာ မယုံနိုင်သလို ဖြစ်နေတာမို့ ဆယ်ယွန်းလည်း စိတ်ကို အတတ်နိုင်ဆုံးငြိမ်အောင် ထားလိုက်ကာ မျက်နှာချင်းဆိုင်က ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။

“ဖေဖေ ဘယ်လိုထင်လဲဟင်”

“အင်း အိမ်အထိဖိတ်ကျွေးတယ်ဆိုတော့ တော်တော်လေး ထူးခြားနေပြီလို့ပြောရမယ်”

“ဟုတ်တယ်မလား”

ဆယ်ကျော်သက်လေးများလို စိတ်လှုပ်ရှားနေသည့် ဆယ်ယွန်းရဲ့ပုံစံကိုကြည့်ရင်း ဖခင်ဖြစ်သူစိတ်ထဲ ဝမ်းနည်းဝမ်းသာဖြစ်ရပြန်သည်။ သိတတ်ပါပြီဆိုကတည်းက ရင့်ကျက်လိမ္မာကာ အလိုက်သိတတ်သည့် ပုံစံကိုပဲ မြင်ဖူးနေခဲ့တာမို့ ဒီလိုပုံစံမျိုးက ရှားရှားပါးပါးရယ်ပါ။

“နောက်ပြီး ညစာစားရင်း သူ့မိသားစုနဲ့ မိတ်ဆက်ပေးမယ်လို့လည်း ပြောတယ် ဖေဖေ”

“တယ်ဟုတ်ပါ့လား”

ဖေဖေကပါ ထိုသို့ပြောလာသည့်အခါ ဆယ်ယွန်းရဲ့ အပျော်တွေက ဖုံးမရဖိမရ။ ပြုံးလိုက်တိုင်း ပေါ်နေတတ်သည့် ပါးချိုင့်လှလှဟာလည်း မပျောက်ကွယ်သွားဘဲ စက္ကန့်တိုင်းလိုလို ထင်းနေခဲ့သည်။

ချစ်ကြိုးWhere stories live. Discover now