-အပိုင်း သုံး-
Unicode Version
“မောနင်း”
အခန်းထဲမှာ သူတစ်ယောက်တည်းသာရှိသည်။ ဖုန်းပြောနေတာလည်း မဟုတ်သလို မှန်ကြည့်ပြီး တစ်ကိုယ်တည်း ပြောနေတာလည်း မဟုတ်ခဲ့။
ပြောရမယ်ဆိုရင် အနီးအနားရှိ အိပ်ရာဘေးက စားပွဲပေါ်မှာ တင်ထားသည့် ဓာတ်ပုံဘောင်လေးကို ကြည့်ပြီး နှုတ်ဆက်လိုက်ခြင်း။ ထိုပုံထဲကလူက ဘယ်သူဖြစ်မယ်ဆိုတာ မပြောပြလည်း အလိုလိုသိနေကြမယ်ထင်ပါတယ်။
တစ်နေ့တစ်နေ့ မောင် ဘယ်ကိုသွားပြီး ဘာတွေလုပ်လဲဆိုတာကအစ သူသိသည်။ မောင်နဲ့ပတ်သတ်ပြီး သူ့ကိုယ်သူ ပွင့်ပွင့်လင်းလင်း နာမည်တပ်ရမယ်ဆိုရင် Stalker?
အဟွန်း စတာပါ။ ဒီအတိုင်း မောင့်အကြောင်းရယ်၊ မောင်နဲ့ပတ်သတ်တဲ့ အရာတိုင်းကို ခရေစေ့တွင်းကျ သိချင်ရုံသက်သက်ပါပဲ။ ဘာလို့ဆို သိပ်ချစ်လို့လေ။
ပရိသတ်အင်အားအများအပြားနဲ့ အောင်မြင်နေတဲ့ ဒိတ်ဒိတ်ကျဲ မော်ဒယ်လ်တစ်ယောက်က သာမန်လူသားတစ်ယောက်အပေါ် ဒီလောက်အထိ စွဲလမ်းနေတာမျိုးက ပြောင်းပြန်ဆန်နေတာ သိပေမဲ့လည်း ပတ်ဂျီမင်းက သူများ ဒီလမ်းလျှောက်လို့ ကိုယ်ပါ လိုက်လျှောက်မဲ့သူမျိုးမှ မဟုတ်တာ။
သေချာတာတစ်ခုက သူ့ကြောင့်နဲ့ မောင့်ဘဝကို ထိခိုက်သွားစေမှာမျိုးတော့ ဘယ်သောအခါမှ လုပ်မှာမဟုတ်ဘူးဆိုတာပါပဲ။
“ကားအသင့်ဖြစ်ပါပြီ ပတ်ဂျီမင်းခင်ဗျ”
မှန်တင်ခုံရှေ့မှာ ဟန်ပါပါ ခြေချိတ်ထိုင်နေရာက ဖတ်လက်စ ဖိုင်တွဲတစ်ခုကို စားပွဲပေါ်တင်ကာ ထရပ်လိုက်သည်။ ဒီနေ့က အရေးကြီးတဲ့ရက်တွေထဲက တစ်ရက်ပဲ။ ဘာ့ကြောင့်လဲဆိုတာကိုတော့ အနှေးနဲ့အမြန် သိလာလိမ့်မယ်။
“သွားကြစို့”
ယုံကြည်မှုအပြည့်နဲ့ လှမ်းခဲ့တဲ့ ဒီခြေလှမ်းတွေအားလုံးက တစ်စုံတစ်ယောက်နဲ့ နီးကပ်သွားစေဖို့အတွက် ပထမဆုံး အထောက်အပံ့ဖြစ်နေခဲ့လေရဲ့။
YOU ARE READING
ချစ်ကြိုး
Fanfictionအချစ်က အသိခက်တဲ့ ကဗျာလေးပဲ...။ Highest Ranking #1 in kookmin (11.12.22)